Apple က ၂၀၂၂ ခုနှစ်မှာ တန်ဖိုးနည်း iPhone SE ကို နောက်ဆုံး အနေနဲ့ ရောင်းချခဲ့ပြီး သူ့အရင်က ၂၀၂၀ ခုနှစ်မှာ ရောင်းချခဲ့ပါတယ်။ Apple ဟာ နောက်မျိုးဆက် iPhone SE ကို ၂၀၂၄ ခုနှစ်မှာ ရောင်းချမှာ မဟုတ်ဘဲ ၂၀၂၅ ခုနှစ်ကျမှ ရောင်းချနိုင်ပါတယ်။

New iPhone SE 3 details emerge: Projected for 2024 launch with 5G iPhone SE  model incoming for 2022 instead - NotebookCheck.net News

နောက်မျိုးဆက် iPhone SE မှာ OLED မျက်နှာပြင်ကို တပ်ဆင်ထားမှာ ဖြစ်ပြီး အရင်က iPhone SE မော်ဒယ်တွေမှာ LCD ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။

Next iPhone SE to have same form factor as iPhone XR - 9to5Mac

နောက်မျိုးဆက် iPhone SE အတွက် Apple ဟာ မျက်နှာပြင် ထုတ်လုပ်သူ ၃ ခုထဲက ရွေးချယ်မှာ ဖြစ်ပါတယ်။ Samsung က မျက်နှာပြင် ၁ ခုကို ဒေါ်လာ ၃၀ ၊ BOE က ၃၅ ဒေါ်လာနဲ့ Tianma က ဒေါ်လာ ၄၀ နဲ့ ရောင်းချဖို့ ကမ်းလှမ်းထားပါတယ်။ Apple က အဲဒီကုမ္ပဏီတွေနဲ့ စာချုပ်မချုပ်ရသေးဘဲ မျက်နှာပြင် ၁ ခုကို ၂၀ ဒေါ်လာနဲ့ ဈေးညှိနေပါတယ်။

iPhone SE အသစ်မှာ သုံးမယ့် မျက်နှာပြင်ဟာ iPhone 13 , iPhone  14 နဲ့ တူညီမှာပါ။ iPhone SE အသစ်မှာ 6.1” 1170x2532p မျက်နှာပြင်၊ 1,200 Nits Peak Brightness ထည့်သွင်းထားနိုင်ပြီး Ceramic Shield Glass နဲ့ ကာကွယ်ထားနိုင်ပါတယ်။

အခုတော့ ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Samsung Display နဲ့ BOE တို့ဟာ အဲဒီ မျက်နှာပြင်တွေကို ထုတ်လုပ်ပေးဖို့ သဘောတူညီမှုရသွားပြီလို့ သိရပါတယ်။ Tianma ကတော့ နည်းပညာ အဆင့် မမှီတဲ့အတွက် Apple က ချန်လှပ်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena