Apple က တန်ဖိုးနည်း iPhone SE ကို မထုတ်လုပ်တော့ဘူးလို့ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ သတင်းထွက်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာတော့ iPhone SE 4 မှာ iPhone 14 ရဲ့ Battery ပါလာမယ်လို့ သတင်းထွက်လာပြန်ပါတယ်။ အရင်က အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေ ထွက်လာခဲ့ပြီး Notch ပါတဲ့ iPhone XR လို ဒီဇိုင်း ဖြစ်ပါတယ်။

အခုတော့ နောက်ထွက်မယ့် iPhone SE မှာ Notch မပါလာဘဲ iPhone 14 Pro နဲ့ Pro Max မှာ မိတ်ဆက်ခဲ့တဲ့ Dynamic Island Cutout ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။

Next iPhone SE to feature Dynamic Island, rumor claims

အဲဒီဖုန်းရဲ့ ဓါတ်ပုံ ပေါက်ကြားလာပြီး အပေါ်မှာ ကြည့်နိုင်ပါတယ်။ နောက်ဆုံးပေါ် iPhone  ဒီဇိုင်းကို အသုံးပြုထားပြီး အနောက်ကင်မရာ ၁ လုံးပဲ ပါပါတယ်။ နောက်ထွက်မယ့် iPhone 16 နဲ့ တော်တော်တူတယ်လို့ သိရပါတယ်။ SE ရဲ့ အရွယ်အစားဟာ XR နဲ့ တူနိုင်ပါတယ်။

iPhone SE Resurrection? Dynamic Island & iPhone 16 Design

အခုထွက်လာတဲ့ သတင်းတွေက ရာနှုန်းပြည့်မှန်ကန်မယ်လို့ မပြောနိုင်သေးပါဘူး။ Apple ဟာ ၂ နှစ်မှာ ၁ ကြိမ် SE မော်ဒယ်အသစ်ကို ကြေညာခဲ့ပြီး နောက်ဆုံး မော်ဒယ်ကို ၂၀၂၂ ခုနှစ် မတ်လမှာ မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအတွက် နောက်လမှာ SE အသစ်ကို ကြေညာနိုင်ပါတယ်။ Apple ကတော့ ဒီအကြောင်းကို ဘာမှ မပြောသေးပါဘူး။

Apple ဟာ ဒီနှစ်နှောင်းပိုင်းမှာ iPhone 16 ကို ကြေညာမှာ ဖြစ်ပြီး SE အသစ်ကို ၂၀၂၅ ခုနှစ်ကျမှ မိတ်ဆက်မယ်လို့လည်း တချို့ သတင်းတွေက ဆိုကြပါတယ်။ SE အသစ်မှာ BOE က ထုတ်တဲ့ Display ပါလာနိုင်ပါတယ်။

Ref : gsmarena