HMD က အိန္ဒိယမှာ Nokia 5.3 , C3 တို့နဲ့အတူ Keypad ဖုန်းအသစ် ၂မျိူးကို ကြေညာလိုက်ပါတယ်။

Nokia 5.3

Nokia 5.3 မှာ ၆.၅၅ လက်မ HD+ IPS LCD မျက်နှာပြင်ပါလာပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main, 5MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးပါလာပါတယ်။ Snapdragon 665 Chipset မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

4,000mAh ဘက်ထရီကို USB-C ကနေ 10W Charging နဲ့ အားသွင်းနိုင်ပြီး Android 10  ထည့်ထားပါတယ်။ 4/64GB ကို ၁၃,၉၉၉ ရူပီးနဲ့ 6/64GB ကို ၁၅၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၂ သိန်း ၅ သောင်းနဲ့ ၂ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်ပြီး နောက်လ ၁ ရက်နေ့ ရောင်းမှာပါ။

Nokia C3

Nokia C3 မှာ ၅.၉၉ လက်မ HD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင် ပတ်လည်က ဘောင်တွေ ထူနေတာက ဒိတ်အောက်တဲ့ ဒီဇိုင်းပါ။ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးပဲ ထည့်ထားပြီး အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ပါပါတယ်။

3,040mAh ဘက်ထရီ ထည့်ထားပြီး microUSB ပဲ ပါတာက သိပ်မမိုက်ပါဘူး။ FM Radio ၊ နားကြပ်ပေါက်နဲ့ Google Assistant ဆင့်ခေါ်တာ၊ App ဖွင့်တာတွေ လုပ်နိုင်တဲ့ Xpress ခလုတ်တွေ ထည့်ထားပါတယ်။ Android 10 မောင်းနှင်ထားပြီး 2/16GB ကို ၇,၄၉၉ ရူပီးနဲ့ 3/32GB ကို ၈,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၁ သိန်း ၄ သောင်းနဲ့ ၁ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်ပြီး ဒေသတွင်း စတိုးတွေနဲ့ Nokia ရဲ့ အွန်လိုင်းစတိုးတွေကနေ ရောင်းမှာပါ။

Nokia 125 နဲ့ Nokia 150

HMD က Nokia 125 နဲ့ Nokia 150 Feature ဖုန်း ၂ လုံးကိုလည်း ချပြလိုက်ပြီး အဲဒီဖုန်းတွေမှာ ၂.၄ လက်မ QVGA မျက်နှာပြင်၊ ပလတ်စတစ် ကိုယ်ထည်၊ ကြာရှည်တဲ့ ဘက်ထရီ သက်တမ်းတွေပါပါတယ်။ ဖုန်း ၂ လုံးရဲ့ ဒီဇိုင်းက ဆင်တူပြီး Series 30+ Platform မောင်းနှင်ထားပါတယ်။ Dual SIM Support ၊ နားကြပ်ပေါက်၊ Bluetooth နဲ့ FM Radio တွေ ထည့်ထားပါတယ်။ Nokia 125 ကို ၁,၉၉၉ ရူပီးနဲ့ Nokia 150 ကို ၂,၂၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သောင်း ၇ ထောင်နဲ့ ၄ သောင်း ၂ ထောင်လောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena