Unicode

Nokia 6.1 စမတ်ဖုန်းဟာ အခုအချိန်မှာဆိုရင် ထွက်ရှိခဲ့တာ အချိန်အားဖြင့် ၂ နှစ်နီးပါးကို ရှိသွားပြီဖြစ်ပါတယ်။ ဒီလိုမျိုး ထွက်ရှိတာ အချိန်ကြာမြင့်ပြီဖြစ်တဲ့ Mid Range ဖုန်းတစ်ခုဖြစ်နေပေမယ့်လည်း Nokia ကနေ အခုအချိန်မှာ ဒီ Nokia 6.1 ဖုန်းအတွက် Android 10 OS Update ကို ထုတ်ပေးလိုက်ပါပြီ။

အခု Nokia 6.1 အတွက် Android 10 Update ဟာ မကြာသေးခင်တုန်းက Nokia 6.1 Plus အတွက် Android 10 Update ရရှိပြီး ရက်ပိုင်းအတွင်းမှာ ရရှိလာတာလည်းဖြစ်ပါတယ်။ ကျန်တဲ့ Nokia စမတ်ဖုန်းတွေအတွက် Android 10 OS Update ရရှိမယ့်အချိန်ကိုတော့ အောက်မှာ ကြည့်ရှုနိုင်မှာပါ။

ဒီ Nokia 6.1 ဖုန်းအတွက် Android 10 Update ဟာ Version V4.10C ဆိုပြီး ထွက်ရှိလာတာဖြစ်ပြီးတော့ File Size အနေနဲ့ 1.5GB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

အဆိုပါ Android 10 Update နဲ့အတူ System-wide Dark Mode ၊ Gesture Navigation ၊ Smart Replay နဲ့ တခြားသော Privacy Feature တွေပါရရှိလာမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Nokia ကနေ ပြောထားတဲ့အတိုင်း ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေအကုန်လုံးနီးပါးကို ဒီနှစ်ထဲမှာ Android 10 Update ထုတ်ပေးသွားတော့မယ့် ပုံစံပါပဲ။

Ref – GSM Arena

Zawgyi

Nokia 6.1 စမတ္ဖုန္းဟာ အခုအခ်ိန္မွာဆိုရင္ ထြက္ရွိခဲ့တာ အခ်ိန္အားျဖင့္ ၂ ႏွစ္နီးပါးကို ရွိသြားၿပီျဖစ္ပါတယ္။ ဒီလိုမ်ိဳး ထြက္ရွိတာ အခ်ိန္ၾကာျမင့္ၿပီျဖစ္တဲ့ Mid Range ဖုန္းတစ္ခုျဖစ္ေနေပမယ့္လည္း Nokia ကေန အခုအခ်ိန္မွာ ဒီ Nokia 6.1 ဖုန္းအတြက္ Android 10 OS Update ကို ထုတ္ေပးလိုက္ပါၿပီ။

အခု Nokia 6.1 အတြက္ Android 10 Update ဟာ မၾကာေသးခင္တုန္းက Nokia 6.1 Plus အတြက္ Android 10 Update ရရွိၿပီး ရက္ပိုင္းအတြင္းမွာ ရရွိလာတာလည္းျဖစ္ပါတယ္။ က်န္တဲ့ Nokia စမတ္ဖုန္းေတြအတြက္ Android 10 OS Update ရရွိမယ့္အခ်ိန္ကိုေတာ့ ေအာက္မွာ ၾကည့္ရႈႏိုင္မွာပါ။

ဒီ Nokia 6.1 ဖုန္းအတြက္ Android 10 Update ဟာ Version V4.10C ဆိုၿပီး ထြက္ရွိလာတာျဖစ္ၿပီးေတာ့ File Size အေနနဲ႔ 1.5GB ဝန္းက်င္ရွိမွာျဖစ္ပါတယ္။

အဆိုပါ Android 10 Update နဲ႔အတူ System-wide Dark Mode ၊ Gesture Navigation ၊ Smart Replay နဲ႔ တျခားေသာ Privacy Feature ေတြပါရရွိလာမွာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ Nokia ကေန ေျပာထားတဲ့အတိုင္း ထြက္ရွိထားတဲ့ စမတ္ဖုန္းေတြအကုန္လုံးနီးပါးကို ဒီႏွစ္ထဲမွာ Android 10 Update ထုတ္ေပးသြားေတာ့မယ့္ ပုံစံပါပဲ။

Ref – GSM Arena