Zawgyi Font Version

Nokia 7 Plus ဟာ Google ရဲ႕ ဖုန္းေတြမဟုတ္ပဲ Android Pie Update အေစာၾကီးရရွိတဲ့ လက္ခ်ိဳးေရလို႔ရတဲ့ ဖုန္းအနည္းငယ္စာရင္းထဲက ဖုန္းတစ္လံုးျဖစ္လာပါတယ္။ HMD Global ထုတ္ကုန္ၾကီးၾကပ္ေရးမွုး Juho Sarvikas ဟာ Twitter မွာ ဒီေန႔ပဲ Nokia 7 Plus အတြက္ Android Pie ရရွိမွာျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္လိုက္ပါတယ္။ Nokia 7 Plus အျပင္ Android Pie ေစာစီးစြာရရွိတဲ့ဖုန္းေတြကေတာ့ Essential Phone ေတြ၊ Motorola ဖုန္​းရွစ္​လံုး၊ OnePlus 6 နဲ႔ Google ရဲ႕ Pixel ဖုန္းေတြပါ။

Android Pie ျဖစ္တဲ့ Version 9.0 မွာ အရမ္းအသံုးဝင္တဲ့ Feature အသစ္ေတြျဖစ္တဲ့ Adaptive Battery, Navigation Style အသစ္ နဲ႔ Notification ပံုစံအသစ္ေတြကိုေတြ႔ရမွာပါ။ Nokia 7 Plus ရဲ႕ အ့ံၾသဖြယ္ရာ အခ်က္တစ္ခုကေတာ့ Pixel ဖုန္းမဟုတ္တဲ့ ပထမဆံုး ဖုန္းတစ္လံုးအျဖစ္ Android Pie ရဲ႕ Digital Wellbeing Feature ကိုရရွိသြားတာပါ။ Android Pie မွာ Digital Wellbeing Feature ပါဝင္ေပမယ့္ ေလာေလာဆယ္ေတာ့ Pixel Phone ေတြမွာပဲရရွိႏိုင္ပါေသးတယ္။ အဆိုပါ Digital Wellbeing Feature ဟာ ဖုန္းကို အလြန္အက်ဴးအသံုးမျပဳ ေအာင္ App အသံုးျပဳခ်ိန္ကို အခ်ိန္အတိုင္းအတာ တစ္ခုသတ္မွတ္ေပးထားႏိုုင္ပါတယ္။

အဆိုပါ Nokia 7 Plus အတြက္ Android Pie Update ဟာ တစ္ျပိဳင္တည္းထြက္ရွိျခင္းမဟုတ္ပဲ Nokia 7 Plus အသံုးျပဳသူေတြရဲ႕ (၁၀) ရာခိုင္ႏွုန္းကိုပဲ OTA Update အရင္ေပးမွာျဖစ္ျပီး တစ္ျဖည္းျဖည္းနဲ႔ အသံုးျပဳသူေတြအကုန္လံုးစီကို OTA Update ျဖန္႔ခ်ီေပးသြားမွာပါ။ Nokia 7 Plus ဟာ $400 တန္ Mid Range Budget ဖုန္းတစ္လံုးျဖစ္ျပီး အေမရိကား မွာေတာ့ ဝယ္ယူလို႔မရပါဘူး။ တရားဝင္ေရာင္းခ်ထားျခင္းမရွိပဲ အာရွေစ်းကြက္ကေနေတာ့ မွာယူလို႔ရပါတယ္။ Nokia 7 Plus ဟာ အိႏၵိယနဲ႔ အာရွႏိုင္ငံအခ်ိဳ႕ကိုဦးတည္ေရာင္းခ်ခဲ့တာပါ။ ဒါေပမယ့္ Nokia 6.1 ကိုေတာ့ အေမရိကားနဲ႔ ဥေရာပႏိုင္ငံအခ်ိဳ႕မွာ ဝယ္ယူလို႔ရျပီး သူ႔အတြက္လည္း Android Pie Update မၾကာခင္ ေပးေတာ့မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

Nokia အပါအဝင္ Samsung, Huawei နဲ႔ တစ္ျခား Android ဖုန္းထုတ္လုပ္သူေတြအကုန္လံုးဟာ အရင္တုန္းကနဲ႔ ယွဥ္ရင္ Android Update ေတြေပးတာ အရမ္းလွ်င္ျမန္လာတာေတြ႔ရျပီး Update ေပးတာေနာက္က်တယ္ဆိုျပီး နာမည္ဆိုးနဲ႔ နာမည္ၾကီးခဲ့တဲ့ ဖုန္း Brand ေတြရဲ႕ Flagship ေတြအကုန္နီးပါး Android Pie ရရွိကုန္ၾကတာေတြ႔ရပါတယ္။ Android Update ေတြအရမ္းျမန္ဆန္ေနရျခင္းရဲဲ႕ ေနာက္ကြယ္ကအေၾကာင္းရင္းကေတာ့ Google က တီထြင္ခဲ့တဲ့ Treble Project ဆိုတာေၾကာင့္ျဖစ္ျပီး Android Oreo နဲ႔တစ္ခါတည္း ေရာင္းခ်လာခဲ့တဲ့ ဖုန္းေတြအကုန္လံုးနီးပါးမွာ Treble Support ပါဝင္ပါတယ္။ အဆိုပါ Treble Support ဟာ Samsung, Huawei, Sony နဲ႔ HTC လို ကိုယ္ပိုင္ အျပင္အဆင္ေတြထည့္သြင္းတက္ၾကတဲ့ ကုမၸဏီေတြအတြက္ အရင္လို Android Update အသစ္ေတြထြက္လာရင္ သူတို႔ကိုယ္ပိုင္ Modification ေတြထည့္ဖို႔ ပိုမိုလြယ္ကူလာျပီး အခ်ိန္အရမ္းမၾကာေတာ့တဲ့အတြက္ အဆိုပါ ဖုန္းအသစ္ေတြမွာ Android Update ေတြထြက္တာ အရမ္းျမန္ဆန္လာတာပါ။

Ref: The Verge

Unicode Version

Nokia 7 Plus ဟာ Google ရဲ့ ဖုန်းတွေမဟုတ်ပဲ Android Pie Update အစောကြီးရရှိတဲ့ လက်ချိုးရေလို့ရတဲ့ ဖုန်းအနည်းငယ်စာရင်းထဲက ဖုန်းတစ်လုံးဖြစ်လာပါတယ်။ HMD Global ထုတ်ကုန်ကြီးကြပ်ရေးမှုး Juho Sarvikas ဟာ Twitter မှာ ဒီနေ့ပဲ Nokia 7 Plus အတွက် Android Pie ရရှိမှာဖြစ်ကြောင်း ကြေညာချက်ထုတ်လိုက်ပါတယ်။ Nokia 7 Plus အပြင် Android Pie စောစီးစွာရရှိတဲ့ဖုန်းတွေကတော့ Essential Phone တွေ၊ Motorola ဖုန်းရှစ်လုံး၊ OnePlus 6 နဲ့ Google ရဲ့ Pixel ဖုန်းတွေပါ။

Android Pie ဖြစ်တဲ့ Version 9.0 မှာ အရမ်းအသုံးဝင်တဲ့ Feature အသစ်တွေဖြစ်တဲ့ Adaptive Battery, Navigation Style အသစ် နဲ့ Notification ပုံစံအသစ်တွေကိုတွေ့ရမှာပါ။ Nokia 7 Plus ရဲ့ အံ့သြဖွယ်ရာ အချက်တစ်ခုကတော့ Pixel ဖုန်းမဟုတ်တဲ့ ပထမဆုံး ဖုန်းတစ်လုံးအဖြစ် Android Pie ရဲ့ Digital Wellbeing Feature ကိုရရှိသွားတာပါ။ Android Pie မှာ Digital Wellbeing Feature ပါဝင်ပေမယ့် လောလောဆယ်တော့ Pixel Phone တွေမှာပဲရရှိနိုင်ပါသေးတယ်။ အဆိုပါ Digital Wellbeing Feature ဟာ ဖုန်းကို အလွန်အကြူးအသုံးမပြု အောင် App အသုံးပြုချိန်ကို အချိန်အတိုင်းအတာ တစ်ခုသတ်မှတ်ပေးထားနိုုင်ပါတယ်။

အဆိုပါ Nokia 7 Plus အတွက် Android Pie Update ဟာ တစ်ပြိုင်တည်းထွက်ရှိခြင်းမဟုတ်ပဲ Nokia 7 Plus အသုံးပြုသူတွေရဲ့ (၁၀) ရာခိုင်နှုန်းကိုပဲ OTA Update အရင်ပေးမှာဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ အသုံးပြုသူတွေအကုန်လုံးစီကို OTA Update ဖြန့်ချီပေးသွားမှာပါ။ Nokia 7 Plus ဟာ $400 တန် Mid Range Budget ဖုန်းတစ်လုံးဖြစ်ပြီး အမေရိကား မှာတော့ ဝယ်ယူလို့မရပါဘူး။ တရားဝင်ရောင်းချထားခြင်းမရှိပဲ အာရှဈေးကွက်ကနေတော့ မှာယူလို့ရပါတယ်။ Nokia 7 Plus ဟာ အိန္ဒိယနဲ့ အာရှနိုင်ငံအချို့ကိုဦးတည်ရောင်းချခဲ့တာပါ။ ဒါပေမယ့် Nokia 6.1 ကိုတော့ အမေရိကားနဲ့ ဥရောပနိုင်ငံအချို့မှာ ဝယ်ယူလို့ရပြီး သူ့အတွက်လည်း Android Pie Update မကြာခင် ပေးတော့မယ်လို့ မျှော်လင့်နေကြပါတယ်။

Nokia အပါအဝင် Samsung, Huawei နဲ့ တစ်ခြား Android ဖုန်းထုတ်လုပ်သူတွေအကုန်လုံးဟာ အရင်တုန်းကနဲ့ ယှဉ်ရင် Android Update တွေပေးတာ အရမ်းလျှင်မြန်လာတာတွေ့ရပြီး Update ပေးတာနောက်ကျတယ်ဆိုပြီး နာမည်ဆိုးနဲ့ နာမည်ကြီးခဲ့တဲ့ ဖုန်း Brand တွေရဲ့ Flagship တွေအကုန်နီးပါး Android Pie ရရှိကုန်ကြတာတွေ့ရပါတယ်။ Android Update တွေအရမ်းမြန်ဆန်နေရခြင်းရဲ့ နောက်ကွယ်ကအကြောင်းရင်းကတော့ Google က တီထွင်ခဲ့တဲ့ Treble Project ဆိုတာကြောင့်ဖြစ်ပြီး Android Oreo နဲ့တစ်ခါတည်း ရောင်းချလာခဲ့တဲ့ ဖုန်းတွေအကုန်လုံးနီးပါးမှာ Treble Support ပါဝင်ပါတယ်။ အဆိုပါ Treble Support ဟာ Samsung, Huawei, Sony နဲ့ HTC လို ကိုယ်ပိုင် အပြင်အဆင်တွေထည့်သွင်းတက်ကြတဲ့ ကုမ္ပဏီတွေအတွက် အရင်လို Android Update အသစ်တွေထွက်လာရင် သူတို့ကိုယ်ပိုင် Modification တွေထည့်ဖို့ ပိုမိုလွယ်ကူလာပြီး အချိန်အရမ်းမကြာတော့တဲ့အတွက် အဆိုပါ ဖုန်းအသစ်တွေမှာ Android Update တွေထွက်တာ အရမ်းမြန်ဆန်လာတာပါ။

Ref: The Verge