[Zawgyi]

HMD Global က မၾကာေသးခင္ကပဲ Nokia 7.1, Nokia 3.1 Plus နဲ႔ Nokia 2V စတဲ့ ဖုန္းအသစ္ေတြကို ပူပူေႏြးေႏြးမိတ္ဆက္ထားတာေပမယ့္လည္း ေနာက္ထပ္အံအားသင့္စရာေတြ ေရာက္လာျပန္ပါျပီ။ ဒီတစ္ေခါက္ထြက္လာမွာကေတာ့ HMD ရဲ႕ Flagship ဖုန္းျဖစ္လာမယ့္ Nokia 9 အေၾကာင္းမဟုတ္ဘဲ အမိုက္စားဖုန္းတစ္လံုးျဖစ္တဲ့ Nokia 8 ရဲ႕ ေနာက္မ်ိဳးဆက္ဖုန္းတစ္လံုး ျဖစ္လာမယ့္ပံုပါ။

အခုဆို  စမတ္ဖုန္းေတြရဲ႕ Benchmark Database အၾကီးဆံုးျဖစ္တဲ့ Geekbench မွာ Nokia 8.1 ဖုန္းရဲ႕ ရလဒ္ေတြေပၚလာခဲ့ျပီျဖစ္ျပီး သူ႔ရဲ႕ Specs ထဲက တစ္ခ်ိဳ႕ျဖစ္တဲ့ Chipset, RAM နဲ႔ OS Version ေတြအေၾကာင္း ေဖာ္ျပထားပါတယ္။

Nokia 8 နဲ႔မတူတာက Nokia 8 တုနး္က အျမင့္စား Qualcomm Snapdragon 835 ကိုသံုးထားခဲ့ျပီး Nokia 8.1 မွာေတာ့ Qualcomm Snapdragon 710 ကုိ RAM 4GB နဲ႔ တြဲဖက္သံုးထားမယ္လို႔ ေတြ႔ရပါတယ္။

သတင္းေကာင္းေလးကေတာ့ HMD က သူ႔ရဲ႕ ဒီ Nokia 8.1 ေလးကို Google ရဲ႕ Android 9 Pie နဲ႔ ထြက္လာမယ္ဆိုတာပါ။ ဒါကေတာ့ Geekbench မွာေပၚလာတဲ့ စာရင္းျဖစ္ျပီး မၾကာခင္ ေနာက္ထပ္ Benchmarks ဆုိဒ္ေတြမွာေရာ ထြက္လာေတာ့မယ္လို႔ ထင္ပါတယ္။

HMD Global အေနနဲ႔ Nokia 8.1 နဲ႔အတူ ဘယ္လိုစိတ္ဝင္စားစရာေတြ သယ္ေဆာင္လာမယ္ထင္ပါသလဲ??

Ref: PhoneArena

 

[Unicode]

HMD Global က မကြာသေးခင်ကပဲ Nokia 7.1, Nokia 3.1 Plus နဲ့ Nokia 2V စတဲ့ ဖုန်းအသစ်တွေကို ပူပူနွေးနွေးမိတ်ဆက်ထားတာပေမယ့်လည်း နောက်ထပ်အံအားသင့်စရာတွေ ရောက်လာပြန်ပါပြီ။ ဒီတစ်ခေါက်ထွက်လာမှာကတော့ HMD ရဲ့ Flagship ဖုန်းဖြစ်လာမယ့် Nokia 9 အကြောင်းမဟုတ်ဘဲ အမိုက်စားဖုန်းတစ်လုံးဖြစ်တဲ့ Nokia 8 ရဲ့ နောက်မျိုးဆက်ဖုန်းတစ်လုံး ဖြစ်လာမယ့်ပုံပါ။

အခုဆို  စမတ်ဖုန်းတွေရဲ့ Benchmark Database အကြီးဆုံးဖြစ်တဲ့ Geekbench မှာ Nokia 8.1 ဖုန်းရဲ့ ရလဒ်တွေပေါ်လာခဲ့ပြီဖြစ်ပြီး သူ့ရဲ့ Specs ထဲက တစ်ချို့ဖြစ်တဲ့ Chipset, RAM နဲ့ OS Version တွေအကြောင်း ဖော်ပြထားပါတယ်။

Nokia 8 နဲ့မတူတာက Nokia 8 တုန်းက အမြင့်စား Qualcomm Snapdragon 835 ကိုသုံးထားခဲ့ပြီး Nokia 8.1 မှာတော့ Qualcomm Snapdragon 710 ကို RAM 4GB နဲ့ တွဲဖက်သုံးထားမယ်လို့ တွေ့ရပါတယ်။

သတင်းကောင်းလေးကတော့ HMD က သူ့ရဲ့ ဒီ Nokia 8.1 လေးကို Google ရဲ့ Android 9 Pie နဲ့ ထွက်လာမယ်ဆိုတာပါ။ ဒါကတော့ Geekbench မှာပေါ်လာတဲ့ စာရင်းဖြစ်ပြီး မကြာခင် နောက်ထပ် Benchmarks ဆိုဒ်တွေမှာရော ထွက်လာတော့မယ်လို့ ထင်ပါတယ်။

HMD Global အနေနဲ့ Nokia 8.1 နဲ့အတူ ဘယ်လိုစိတ်ဝင်စားစရာတွေ သယ်ဆောင်လာမယ်ထင်ပါသလဲ??

Ref: PhoneArena