Unicode

လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ HMD Global ကုမ္ပဏီဟာ သူတို့ရဲ့ Nokia အမှတ်တံဆိပ် စမတ်ဖုန်းထုတ်ကုန်သစ်တွေ ပြသဖို့အတွက် Mobile World Congress (MWC) ပွဲကို အသုံးပြုခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း သူတို့ရဲ့ ဖုန်းအသစ်တွေကို MWC 2020 မှာ မြင်တွေ့ရဦးမှာဖြစ်ပြီး Nokia 1.3, Nokia 5.2 နဲ့ Nokia 8.2 5G အစရှိ နာမည်တွေကို တွေ့ထားရပါတယ်။

သတင်းတွေအရတော့ Nokia 8.2 ရဲ့ 4G ဗားရှင်းကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပြီး Noki 8.2 ရဲ့ 5G ဗားရှင်းမှာ Snapdragon 765 ချစ်ပ်ဆက်ကို အသုံးပြုလာမှာပါ။ Leak ဖြစ်ခဲ့တဲ့ အချက်အလက်တွေကိုကြည့်မယ်ဆိုရင် Nokia 8.2 5G ရဲ့ နောက်ဘက်ကင်မရာအတွဲဒီဇိုင်းဟာ ၂၀၁၉ ခုနှစ်က Nokia 7.2 နဲ့ဆင်တူတာကို တွေ့ရမှာပါ။

Nokia 8.2 5G ဖုန်းရဲ့နောက်ဘက်မှာ 64MP ကင်မရာဦးဆောင်တဲ့ ကင်မရာလေးလုံးတွဲနဲ့ 32MP Pop-up ဆဲလ်ဖီကင်မရာတို့ ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။ ဘက္ထရီကတော့ 3,500 mAh ပမာဏဖြစ်မယ်လို့ ဖော်ပြထားပြီး Fast Charging စနစ်တစ်ခုခု ပါဝင်သင့်ပေမယ့် Leak ထဲမှာတော့ မပါဝင်လာသေးပါဘူး။

Noki 8.2 5G ရဲ့ အခြေခံမော်ဒယ်မှာ 6/128 GB မန်မိုရီနဲ့ စတင်မယ်လို့ ယူဆရပြီး ဈေးနှုန်းက ယူရို ၄၅၉ (မြန်မာငွေ ၇ သိန်း ၄ သောင်းခန့်) ကျသင့်မှာပါ။

Ref – Gizmo China

Zawgyi

လြန္ခဲ့တဲ့ႏွစ္ႏွစ္အတြင္းမွာ HMD Global ကုမၸဏီဟာ သူတုိ႔ရဲ႕ Nokia အမွတ္တံဆိပ္ စမတ္ဖုန္းထုတ္ကုန္သစ္ေတြ ျပသဖို႔အတြက္ Mobile World Congress (MWC) ပြဲကို အသုံးျပဳခဲ့ၾကပါတယ္။ ဒီႏွစ္မွာလည္း သူတုိ႔ရဲ႕ ဖုန္းအသစ္ေတြကို MWC 2020 မွာ ျမင္ေတြ႕ရဦးမွာျဖစ္ၿပီး Nokia 1.3, Nokia 5.2 နဲ႔ Nokia 8.2 5G အစရွိ နာမည္ေတြကို ေတြ႕ထားရပါတယ္။

သတင္းေတြအရေတာ့ Nokia 8.2 ရဲ႕ 4G ဗားရွင္းကုိ ဖ်က္သိမ္းလိုက္တယ္လို႔ ဆုိၿပီး Noki 8.2 ရဲ႕ 5G ဗားရွင္းမွာ Snapdragon 765 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာပါ။ Leak ျဖစ္ခဲ့တဲ့ အခ်က္အလက္ေတြကိုၾကည့္မယ္ဆုိရင္ Nokia 8.2 5G ရဲ႕ ေနာက္ဘက္ကင္မရာအတြဲဒီဇုိင္းဟာ ၂၀၁၉ ခုႏွစ္က Nokia 7.2 နဲ႔ဆင္တူတာကို ေတြ႕ရမွာပါ။

Nokia 8.2 5G ဖုန္းရဲ႕ေနာက္ဘက္မွာ 64MP ကင္မရာဦးေဆာင္တဲ့ ကင္မရာေလးလုံးတြဲနဲ႔ 32MP Pop-up ဆဲလ္ဖီကင္မရာတုိ႔ ပါဝင္လာမယ္လို႔လည္း ဆုိပါတယ္။ ဘကၳရီကေတာ့ 3,500 mAh ပမာဏျဖစ္မယ္လို႔ ေဖာ္ျပထားၿပီး Fast Charging စနစ္တစ္ခုခု ပါဝင္သင့္ေပမယ့္ Leak ထဲမွာေတာ့ မပါဝင္လာေသးပါဘူး။

Noki 8.2 5G ရဲ႕ အေျခခံေမာ္ဒယ္မွာ 6/128 GB မန္မုိရီနဲ႔ စတင္မယ္လို႔ ယူဆရၿပီး ေစ်းႏႈန္းက ယူရုိ ၄၅၉ (ျမန္မာေငြ ၇ သိန္း ၄ ေသာင္းခန္႔) က်သင့္မွာပါ။

Ref – Gizmo China