Nokia G50 5G ရဲ့ ဓါတ်ပုံတွေနဲ့ Specs တွေ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ထွက်ပေါ်ခဲ့ပြီး အခုတော့ အဲဒီ စမတ်ဖုန်းကို FCC မှာ စာရင်းတင်ထားတဲ့အတွက် သတင်းအချက်အလက်တချို့ကို ပိုမို သိလာရပါပြီ။ Nokia G50 5G မှာ 5G ဆက်သွယ်မှု ပါလာမှာ သေချာပြီး ဘက်ထရီ ပမာဏကို 4,850mAh လို့ FCC မှာ ဖော်ပြထားပါတယ်။ အရင်ကလည်း အဲဒီ ဘက်ထရီ ပမာဏ ပါလာမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

Nokia G50 5G

FCC (Federal Communications Commission of the United States) မှာ Nokia G50 5G ကို TA-1370/TA-1390 အနေနဲ့ မှတ်ပုံတင်ထားပြီး အဲဒီ ဘက်ထရီ ပမာဏဟာ GSM, LTE, NR Bands တွေနဲ့ သာမက Bluetooth , WiFi Frequencies တွေအတွက်ပါ အသုံးပြုလို့ စိတ်ချရတယ်လို့ ဖော်ပြထားပါတယ်။

Access Nokia G50, Affordable 5G Smartphone, TENAA - Fuentitech

Roland Quandt က အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံကို မျှဝေထားပြီး အရွယ်သေး Notch ပါလာတာ မြင်ရပါတယ်။ အနောက်ဘက် ကင်မရာတွေကို စက်ဝိုင်းပုံထဲမှာ တပ်ဆင်ထားပြီး စွမ်းဆောင်ရည်သင့် 5G စမတ်ဖုန်း ဖြစ်ပါတယ်။

ဒီလ အစောပိုင်းမှာ WinFuture က Nokia G50 5G မှာ 5G ထောက်ပံ့တဲ့ Qualcomm Snapdragon 480 Chipset ပါလာမယ်လို့ သတင်းပေးထားပြီး Qualcomm ရဲ့ ပထမဆုံး စွမ်းရည်နိမ့် 5G Chipset ဖြစ်ပါတယ်။  ၆.၃၈ လက်မ 720p LCD မျက်နှာပြင် ပါလာနိုင်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။ ပင်မ ကင်မရာအနေနဲ့ 48MP တပ်ဆင်ထားနိုင်ပါတယ်။

Ref : gsmarena