ပြီးခဲ့တဲ့နှစ်တုန်းက HMD Global ကနေ Budget Series အနေနဲ့ Nokia C Series ကို Nokia C1 စမတ်ဖုန်းနဲ့ ပြန်လည်ထုတ်လုပ်လာခဲ့ပါတယ်။ အဆိုပါ Nokia C1 စမတ်ဖုန်းဟာ Keypad ဖုန်းကနေ စျေးသက်သက်သာသာနဲ့ စမတ်ဖုန်းကို ပြောင်းလဲအသုံးပြုချင်တဲ့သူတွေအတွက် ရည်ရွယ်တဲ့စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

အခုလည်း Nokia ကနေ Nokia C2 ဆိုပြီး မျိုးဆက်သစ်စမတ်ဖုန်းတစ်လုံးကို မကြာခင်မိတ်ဆက်သွားတော့မှာပါ။ လက်ရှိသိထားရတဲ့သတင်းတွေအရတော့ လုံးဝ Entry စမတ်ဖုန်းတစ်လုံးဖြစ်ပေမယ့် 4G ကို Support ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Nokia C2 ရဲ့ Model Number ကိုတော့ TA-1204 လို့ ခေါ်ဆိုသွားမှာဖြစ်ပြီး Dual SIM ကိုလည်း Support ပြုလုပ်မှာပါ။ ဒီ Nokia C2 ဖုန်းရဲ့ ထူးခြားချက်ကတော့ Processor ကို ထူးထူးခြားခြား UNISOC Processor ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ ဘယ်လိုပုံစံရှိလာမလဲဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။

HMD Global ဟာ ပြီးခဲ့တဲ့ MWC 2020 Event မှာ ဖုန်းအသစ်တွေမိတ်ဆက်ဖို့စီစဥ်ထားခဲ့ပေမယ့် MWC Event ကြီးပျက်သွားတဲ့အတွက် ဒီ ဖုန်းအသစ်တွေကို ဘယ်အချိန်မှာ ပြန်လည်မိတ်ဆက်မလဲဆိုတာကတော့ မသိရှိရသေးပါဘူး။

Ref – Gizmo China