Zawgyi
Nokia ဟာ ေအာက္တိုဘာ ၁၆ မွာ Nokia X7 စမတ္ဖုန္းအသစ္ကို တရုတ္မွာ မိတ္ဆက္ေတာ့မွာပါ။ Nokia X7 ကို Snapdragon 710 နဲ႔အတူ Zeiss Dual Camera Setup နဲ႔အားျဖည့္ေပးထားပါတယ္။ Nokia X7 မွာပါဝင္တဲ့ Snapdragon 710 Octa ဟာ 2.2GHz အျမန္ႏွုန္းရွိတဲ့ Kyro 360 Gold Core ႏွစ္ခု နဲ႔ 1.7GHz အျမန္ႏွုန္းရွိ Kyro 360 Silver Core ေျခာက္ခုတို႔နဲ႔ ဖြဲ႔စည္းထားပါတယ္။ GPU ကေတာ့ Adreno 616 ပါဝင္ပါတယ္။ Nokia X7 မွာ 6.2-inch အရြယ္ FHD+ Notch Display ပါဝင္ျပီး Gorilla Glass 3 နဲ႔ ဖံုးအုပ္ေပးထားပါတယ္။
အေနာက္ဘက္ Rear ကင္မရာပိုင္းမွာေတာ့ Zeiss Dual Camera Setup ကိုထည့္သြင္းေပးထားပါတယ္။ Dual Camera Setup ရဲ႕ ပထမ ကင္မရာက 12MP ရွိျပီး ဒုတိယ ကင္မရာကေတာ့ 13MP ရွိကာ Dual Pixel PDAF Support ပါဝင္ပါတယ္။ အေရွ႕ဘက္မွာေတာ့ 20MP ရွိတဲ့ Selfie ကင္မရာ တပ္ဆင္ေပးထားတယ္။
အေနာက္ဘက္ ကင္မရာေတြက 4K အဆင့္ရွိတဲ့ ဗီဒီယိုေတြကို ဖမ္းယူေပးႏိုင္ျပီး EIS ပါဝင္လို႔ တည္ျငိမ္တဲ့ ရုပ္ထြက္ေတြ ရရွိမွာပါ။ ညဘက္ အလင္းနည္းတဲ့ ျမင္ကြင္းေတြကို ရိုက္ကူးႏိုင္ဖို႔ အက်အန ခ်ိန္ညွိေပးထားပါတယ္။ AI အေထာက္အပံ့စနစ္လည္းပါဝင္လို႔ ဓာတ္ပံုရိုက္ကူးတဲ့ ေနရာမွာ အေတြ႔အၾကံဳမရွိလည္း အေကာင္းမြန္ဆံုး ပံုထြက္ေတြရေအာင္ အလိုအေလ်ာက္ ခ်ိန္ညွိေပးမွာပါ။
သီခ်င္း နားေထာင္ရတာ ႏွစ္သက္သူေတြ အတြက္ကေတာ့ Stereo Dual Speaker ေတြပါဝင္ပါတယ္။ Nokia X7 ဟာ Geekbench Data အရ Single-core မွာ 1828 မွတ္ရရွိျပီး Multi-core မွာ 5885 မွတ္ရရွိထားပါတယ္။ Operating System ပိုင္းမွာေတာ့ Google ရဲ႕ Android စစ္စစ္အေတြ႔အၾကံဳကို ေပးစြမ္းႏိုင္မယ့္ Android One ကိုအသံုးျပဳေပးထားလို႔ အသံုး ျပဳရတာ လွ်င္ျမန္သြက္လက္ျပီး Android Update ေတြ ျမန္ျမန္ဆန္ဆန္ရရွိမွာပါ။ Sensor ေတြအေနနဲ႔ကေတာ့ တစ္ျခား ဖုန္းေတြမွာပါေနက် Fingerprint Sensor, Accelerometer, Gyroscope နဲ႔ Compass တို႔ပါဝင္ပါတယ္။ ဖုန္းရဲ႕ ဖြဲ႕စည္းတည္ေဆာက္မွု ပံုစံကေတာ့ Premium ဖုန္းေတြမွာေတြ႔ေနက် Aluminum ေဘာေဘာင္ေတြကို အေရွ႕နဲ႔အေနာက္ မွန္သားမ်က္ႏွာျပင္ေတြနဲ႔ ညွပ္ျပီးတည္ေဆာက္ေပးထားပါတယ္။ 3,400mAh ဘက္ထရီ နဲ႔အတူ အျမန္အားသြင္းစနစ္ျဖစ္တဲ့ Qualcomm Quick Charge 3.0 ပါဝင္ပါေသးတယ္။ Nokia X7 ကို 4+64GB နဲ႔ 6+128GB ေမာ္ဒယ္ ႏွစ္မ်ိဳးနဲ႔ ေရာင္းခ်မွာျဖစ္ျပီး ေစ်းႏွုန္းနဲ႔ တစ္ျခား အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ ေအာက္တိုဘာ ၁၆ က်မွ သိရမွာပါ။
Ref: Xiaomi Today
Unicode
Nokia ဟာ အောက်တိုဘာ ၁၆ မှာ Nokia X7 စမတ်ဖုန်းအသစ်ကို တရုတ်မှာ မိတ်ဆက်တော့မှာပါ။ Nokia X7 ကို Snapdragon 710 နဲ့အတူ Zeiss Dual Camera Setup နဲ့အားဖြည့်ပေးထားပါတယ်။ Nokia X7 မှာပါဝင်တဲ့ Snapdragon 710 Octa ဟာ 2.2GHz အမြန်နှုန်းရှိတဲ့ Kyro 360 Gold Core နှစ်ခု နဲ့ 1.7GHz အမြန်နှုန်းရှိ Kyro 360 Silver Core ခြောက်ခုတို့နဲ့ ဖွဲ့စည်းထားပါတယ်။ GPU ကတော့ Adreno 616 ပါဝင်ပါတယ်။ Nokia X7 မှာ 6.2-inch အရွယ် FHD+ Notch Display ပါဝင်ပြီး Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားပါတယ်။
အနောက်ဘက် Rear ကင်မရာပိုင်းမှာတော့ Zeiss Dual Camera Setup ကိုထည့်သွင်းပေးထားပါတယ်။ Dual Camera Setup ရဲ့ ပထမ ကင်မရာက 12MP ရှိပြီး ဒုတိယ ကင်မရာကတော့ 13MP ရှိကာ Dual Pixel PDAF Support ပါဝင်ပါတယ်။ အရှေ့ဘက်မှာတော့ 20MP ရှိတဲ့ Selfie ကင်မရာ တပ်ဆင်ပေးထားတယ်။
အနောက်ဘက် ကင်မရာတွေက 4K အဆင့်ရှိတဲ့ ဗီဒီယိုတွေကို ဖမ်းယူပေးနိုင်ပြီး EIS ပါဝင်လို့ တည်ငြိမ်တဲ့ ရုပ်ထွက်တွေ ရရှိမှာပါ။ ညဘက် အလင်းနည်းတဲ့ မြင်ကွင်းတွေကို ရိုက်ကူးနိုင်ဖို့ အကျအန ချိန်ညှိပေးထားပါတယ်။ AI အထောက်အပံ့စနစ်လည်းပါဝင်လို့ ဓာတ်ပုံရိုက်ကူးတဲ့ နေရာမှာ အတွေ့အကြုံမရှိလည်း အကောင်းမွန်ဆုံး ပုံထွက်တွေရအောင် အလိုအလျောက် ချိန်ညှိပေးမှာပါ။
သီချင်း နားထောင်ရတာ နှစ်သက်သူတွေ အတွက်ကတော့ Stereo Dual Speaker တွေပါဝင်ပါတယ်။ Nokia X7 ဟာ Geekbench Data အရ Single-core မှာ 1828 မှတ်ရရှိပြီး Multi-core မှာ 5885 မှတ်ရရှိထားပါတယ်။ Operating System ပိုင်းမှာတော့ Google ရဲ့ Android စစ်စစ်အတွေ့အကြုံကို ပေးစွမ်းနိုင်မယ့် Android One ကိုအသုံးပြုပေးထားလို့ အသုံး ပြုရတာ လျှင်မြန်သွက်လက်ပြီး Android Update တွေ မြန်မြန်ဆန်ဆန်ရရှိမှာပါ။ Sensor တွေအနေနဲ့ကတော့ တစ်ခြား ဖုန်းတွေမှာပါနေကျ Fingerprint Sensor, Accelerometer, Gyroscope နဲ့ Compass တို့ပါဝင်ပါတယ်။ ဖုန်းရဲ့ ဖွဲ့စည်းတည်ဆောက်မှု ပုံစံကတော့ Premium ဖုန်းတွေမှာတွေ့နေကျ Aluminum ဘောဘောင်တွေကို အရှေ့နဲ့အနောက် မှန်သားမျက်နှာပြင်တွေနဲ့ ညှပ်ပြီးတည်ဆောက်ပေးထားပါတယ်။ 3,400mAh ဘက်ထရီ နဲ့အတူ အမြန်အားသွင်းစနစ်ဖြစ်တဲ့ Qualcomm Quick Charge 3.0 ပါဝင်ပါသေးတယ်။ Nokia X7 ကို 4+64GB နဲ့ 6+128GB မော်ဒယ် နှစ်မျိုးနဲ့ ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းနဲ့ တစ်ခြား အသေးစိတ် အချက်အလက်တွေကိုတော့ အောက်တိုဘာ ၁၆ ကျမှ သိရမှာပါ။
Ref: Xiaomi Today