Nothing ကုမ္ပဏီကနေ စမတ်ဖုန်းအသစ်ဖြစ်တဲ့ Nothing Phone (2) ကို မိတ်ဆက်ခဲ့တာ အခုဆိုရင် အချိန်အားဖြင့် တစ်လကျော်ရှိနေပြီဖြစ်ပါတယ်။ Nothing Phone (2) ဖုန်းဟာ ယခင် Nothing Phone (1) ထက် အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်လာတဲ့အပြင် Software ပိုင်းမှာလည်း Nothing OS 2 Version အသစ်ပါဝင်လာခဲ့ပါတယ်။


အခုအချိန်မှာတော့ အဆိုပါ Nothing Phone (2) မှာပဲ ပါဝင်တဲ့ Nothing OS 2 Update ကို Nothing Phone (1) အသုံးပြုသူတွေပါ Update ပြုလုပ်နိုင်အောင် ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Nothing OS 2 Update နဲ့အတူ Pre-installed Lock Screen အသစ်တွေ၊ Home Screen Widget နဲ့ တခြားသော Feature အသစ်တွေအများအပြားပါဝင်လာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Nothing ဖုန်းတွေမှာပဲ အသုံးပြုနိုင်တဲ့ Glyph Lighting စနစ်ကိုလည်း Nothing OS 2 Update က ပိုမိုပြင်ဆင်နိုင်စေမှာဖြစ်ပါတယ်။ အဓိကအနေနဲ့ အသစ်ပါဝင်လာတဲ့ Feature တွေကတော့ App တွေနဲ့ Contact တွေအတွက် သီးသန့်ပြုလုပ်ထားနိုင်တဲ့ Essential Notifications Feature ၊ Glyph Lighting ကို Flash Light အနေနဲ့ အသုံးပြုနိုင်မယ့် Feature တွေပါဝင်လာမှာပါ။

တခြား Feature တွေကတော့ လက်ရှိ Android ဖုန်းအတော်များများမှာ ပါဝင်ပြီးဖြစ်တဲ့ Cloned App နဲ့ App Locker လိုမျိုး Feature တွေပါဝင်ပြီးဖြစ်ပါတယ်။ ဒါကြောင့် Nothing Phone (1) အသုံးပြုသူတွေအနေနဲ့ အခုပဲ Settings > About Menu > Check for Updates ကနေတစ်ဆင့် Nothing OS 2 Update ကို Download ပြုလုပ်နိုင်ပါပြီ။

Ref – Gizmo China