Nothing က ဒီလ အစမှာ စွမ်းရည်သင့် Phone (2a) ကို ကြေညာခဲ့ပြီး အခုတော့ ရောင်းချပေးလိုက်ပါပြီ။ ကုမ္ပဏီက ပထမ ၁ နာရီအတွင်း အလုံး ၆၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ပြောတဲ့အတွက် အောင်မြင်တယ်လို့ ပြောရမှာပါ။
What an entrance for Phone (2a)! Just 1 hour in and already sold over 60,000 units. pic.twitter.com/QMA8LYpuyo
— Nothing (@nothing) March 12, 2024
Nothing က အဲဒီဖုန်းအတွက် Nothing OS 2.5.3 ကို ဖြန့်ချိပေးလိုက်ပြီး ကင်မရာအတွက် Ultra XDR ကို ထောက်ပံ့လာပါတယ်။ ကင်မရာ App ရဲ့ စွမ်းရည်ကို တိုးတက်အောင်ပြုလုပ်ထားပြီး HDR , Color Saturation နဲ့ အရှေ့ ကင်မရာ ကြည်လင်ပြတ်သားမှုကို အဆင့်မြှင့်ထားပါတယ်။
Just out and already a new update.
Introducing Nothing OS 2.5.3 for Phone (2a). With improved camera performance, smoother operation, and handy new widgets.
To update, head to Settings > System > System Update pic.twitter.com/5HcP3BaOOi
— Nothing (@nothing) March 11, 2024
Background App စွမ်းရည်နဲ့ Touchscreen Experience ပိုကောင်းလာပြီး User Interface နဲ့ Animation ကို ပြင်ဆင်ပေးထားပါတယ်။ Haptic Level Setting ကိုလည်း စိတ်ကြိုက်ချိန်ညှိနိုင်လာပြီး Camera, Battery နဲ့ Recorder စတဲ့ Widgets အသစ် ၃ ခု ပါလာပါတယ်။
Recorder က တစ်ဖက်လူက မသိအောင် ဖုန်း Call တွေကို ဖမ်းယူပေးနိုင်လာပြီး နိုင်ငံတချို့မှာတော့ အဲဒါဟာ ဥပဒေနဲ့ မညီပါဘူး။ ဥပမာ အနေနဲ့ အမေရိကန်ရဲ့ ပြည်နယ် ၁၁ ခုမှာ ဖုန်း Call ကို အသံဖမ်းရင် တစ်ဖက်လူကို အသိပေးရပါတယ်။ ဥရောပ၊ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်မှာလည်း အလားတူပဲ ဖြစ်ပါတယ်။
Ref : gsmarena