Nothing Phone (2a) Special Edition ကို ကြေညာလိုက်ပြီး Nothing ဖုန်းတွေထဲမှာ အရောင်အများဆုံး ပါတဲ့ ဖုန်း ဖြစ်လာပါတယ်။ အဲဒီဖုန်းမှာ အနီ၊ အဝါနဲ့ အပြာရောင်တွေ ထည့်သွင်းထားပါတယ်။

Nothing Phone (2a) Special Edition unveiled with red, yellow and blue color scheme

ဖုန်းရဲ့ အနောက်ဘက်ကို ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်း ပြုလုပ်ထားပြီး ပင်မအရောင်အပြင် တခြား အရောင်တွေကိုပါ အသုံးပြုထားပါတယ်။ Nothing ရဲ့ ဒီဇိုင်း ဒါရိုက်တာ Adam Bates က “ Nothing Phone (2a) ကို ကြေညာရတာ စိတ်လှုပ်ရှားမိပါတယ်။ ပင်မ အရောင် အပြင် အနီ၊ အဝါနဲ့ အပြာရောင်တွေကိုပါ အသုံးပြုထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ အနုပညာလက်ရာ ဆန်တဲ့ ဖုန်း ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Nothing Phone (2a) Special Edition unveiled with red, yellow and blue color scheme

Phone (2a) ကို Nothing ရဲ့ တရားဝင် ဝက်ဘ်ဆိုက် ကနေ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး 12GB/256GB ကို ၃၇၉ ယူရို သတ်မှတ်ထားပါတယ်။

Phone (2a) မှာ 6.7” 1080x2412p 120Hz AMOLED Display တပ်ဆင်ထားပြီး Dimensity 7200 Pro SoC မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) , 50MP Ultrawide နဲ့ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ 45W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Android 14 မောင်းနှင်ထားပါတယ်။

Ref : gsmarena