Nothing ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Nothing Phone (1) ကို မကြာခင်ကကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်းဟာ ပြီးခဲ့တဲ့လတွေအတွင်း လူပြောအများဆုံး စမတ်ဖုန်း ၁ လုံး ဖြစ်ပေမယ့် ပြဿနာတွေနဲ့ မကင်းပါဘူး။ Flipkart ကနေ ကြိုတင်မှာယူထားသူတွေဟာ Nothing Phone (1) ကို ရရှိထားပြီ ဖြစ်ပြီး ဝယ်ယူထားသူ တချို့က ဖုန်းမှာ ပြဿနာတွေ ရှိတယ်လို့ ပြောပါတယ်။ Nothing Phone (1) မှာ ဟာ့ဒ်ဝဲ ပြဿနာတွေ ဖြစ်နေပါတယ်။

91Mobile က AMOLED Panel ပါတဲ့ ဖုန်းတွေမှာ ဖြစ်လေ့ရှိတဲ့ Green Tint ပြဿနာဟာ Nothing Phone (1) မှာ ဖြစ်နေတယ်လို့ ပြောပါတယ်။ Green Tint ဟာ မျက်နှာပြင်ရဲ့ အနက်ရောင် ဧရိယာတွေမှာ အစိမ်းရောင်သမ်းနေတာ ဖြစ်ပါတယ်။

Nothing-Phone-1-green-tint-hardware-issue

Flipkart ကနေ Nothing Phone (1) ကို ဝယ်ထားတဲ့ လူ ၁ ယောက်က Green Tint ပြဿနာ ဖြစ်နေတဲ့ အလုံးကို ပြန်အပ်ပြီး အသစ် ၁ လုံး ရခဲ့ပေမယ့် အသစ်မှာလည်း အဲဒီ ပြဿနာ ဖြစ်နေတာကို တွေ့ရပါတယ်။ ထုတ်လုပ်တဲ့ ဖြစ်စဉ်မှာ Quality Control ညံ့ဖျင်းတာ သေချာနေပါတယ်။

Nothing Phone facing issues

Green Tint အပြင် လူများစွာက ဆဲလ်ဖီး ကင်မရာမှာ ပြဿနာ ဖြစ်နေတယ်လို့ ပြောနေကြပါတယ်။ Nothing Phone (1) မှာ Punch Hole ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်းမှာ ဒီလို ပြဿနာတွေ ဖြစ်နေတာက စိတ်ပျက်စရာပါ။ Nothing က ဒီပြဿနာတွေကို သိရှိထားပြီ ဖြစ်ပြီး ပြဿနာ ဖြစ်နေတဲ့ ဖုန်းတွေကို အသစ်တွေနဲ့ လဲလှယ်ပေးနေပါတယ်။ ကုမ္ပဏီက ဒီပြဿနာတွေ ဖြစ်ရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာ မထုတ်ပြန်သေးပါဘူး။ စက်ရုံကနေ နောက်တစ်သုတ်ထွက်လာမယ့် အလုံးတွေမှာ ဒီပြဿနာတွေ မပါလာဖို့ မျှော်လင့်ရပါတယ်။

Ref : gizmochina