120Hz Refresh Rate ပါတဲ့ ဖုန်းတွေကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ အခုတော့ nubia က အဲဒီ ကုမ္ပဏီတွေကို ကျော်တက်တော့မှာ ဖြစ်ပါတယ်။ nubia က 144Hz Refresh Rate ပါတဲ့ Red Magic 5G ကို ဖန်တီးနေပြီး နောက်ဆုံးထုတ် အလန်းစား Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

အခုတော့ GameBench က Red Magic 5G ရဲ့ နမူနာမော်ဒယ်ကို စမ်းသပ်ခွင့်ရခဲ့ပြီး နာမည်ကျော် မိုဘိုင်းဂိမ်း ၁ ခု ဖြစ်တဲ့ Real Racing 3 ကို ကစားကြည့်တဲ့အခါမှာ 144fps ( အနည်းဆုံး 142fps) ကို ရတယ်လို့ ပြောပါတယ်။ Tencent ရဲ့ နာမည်ကြီး ဂိမ်းတွေ ဖြစ်တဲ့ PUBG နဲ့ Arena of Valor တို့က 144Hz ကို မထောက်ပံ့တဲ့အတွက် အများဆုံးအနေနဲ့ 90fps နဲ့ 60fps အသီးသီးရကြပါတယ်။ အဲဒီ ရလဒ်တွေအရ Snapdragon 865 ဟာ  ဒီထက်မြင့်တဲ့ Refresh Rate တွေကိုတောင် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ်လို့ ထင်ရပါတယ်။

GameBench က Qualcomm ဟာ GPU နဲ့ စမတ်ဖုန်း မျက်နှာပြင် ကြားမှာ အကောင်းဆုံး Sync လုပ်နိုင်ပြီး Snapdragon 865 Chipset ကလည်း စွမ်းရည်အရမ်းလန်းတယ်လို့ သုံးသပ်ပါတယ်။ ဂိမ်းတွေမှာ ပိုမို မြင့်မားတဲ့ Framerates ကို ပံ့ပိုးလာကြတဲ့အတွက် Adreno 650 GPU ဟာ 144fps ကို ကိုင်တွယ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena