Vivo S7 ကို လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ ဒီအတွက် တရားဝင် Render တွေ Teaser တွေကိုလည်း ကုမ္ပဏီက ထုတ်လွှတ်ပေးနေပါပြီ။ လွန်ခဲ့တဲ့ ၂ရက်နဲ့ ၃ ရက်က ဆက်တိုက်ဆိုသလို Vivo S7 ရဲ့ တရားဝင် Teaser နဲ့ Render တွေထွက်ခဲ့သလို အခုလည်း နောက်ထပ် Render တစ်ခု ထပ်ပြီးထွက်ပေါ်လာပြန်ပါတယ်။

Vivo S7 နဲ့ပတ်သက်ပြီး ပထမဦးဆုံးပြောရမယ့်အချက်ကတော့ ကုမ္ပဏီရဲ့ အပါးလွှာဆုံး 5G စမတ်ဖုန်းဆိုတာပါပဲ။ ပြီးခဲ့တဲ့ရက်က တရုတ်လက်လီအရောင်းဆိုင် JD.com ပေါ်လည်း ရောက်ခဲ့ပြီး ဟန်းဆက်ရဲ့ ကျောဘက်အလှကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပြီဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ အခုအချိန်ထိ Vivo S7 ရဲ့ အရှေ့ဘက်မျက်နှာပြင်ပုံစံကို မမြင်ရသေးတာပါ။ ပေါက်ကြားသတင်းတွေအရ Vivo S7 ရဲ့ Selfie ကင်မရာဟာ နှစ်လုံးဟာ ကျယ်ပြန့်တဲ့ Notch ထဲမှာလို့ သိရပါတယ်။ နောက်တစ်ခုက မျက်နှာပြင်နဲ့ပတ်သက်တာပါ။ ကုမ္ပဏီအနေနဲ့ AMOLED panel ကို အပေါက်ဖောက်မှာ မဟုတ်ပါဘူးလို့သတင်းထွက်လာပါတယ်။

ဒါပေမယ့် အခုအချိန်ထိ သိရသလောက်က Vivo S7 ဟာ OLED မျက်နှာပြင်နဲ့ဖြစ်နိုင်တယ် ဆိုတာပါပဲ။ LCD မဟုတ်တာကိုတော့ အခြား Render တစ်ခုမှာ ပါဝါခလုတ်ကို ထင်ထင်ရှားရှားမြင်တွေ့ရတဲ့အချိန်ကစ ပြောနိုင်ခဲ့တာပါ။ ဒါကြောင့် Fingerprint Sensor ဟာ မျက်နှာပြင်အောက်မှာ ရှိနေမယ်လို့လည်း မျှော်လင့်နိုင်ပါတယ်။

ပြီးခဲ့တဲ့ Vivo S5 နဲ့ Vivo S6 5G နှစ်မျိုးစလုံးမှာတော့ AMOLED မျက်နှာပြင်တွေ အသုံးပြုခဲ့တာပါ။ ဒါကြောင့် Vivo S7 မှာ AMOLED panel မဟုတ်ဘဲ OLED ပဲလို့ပြောရတာက အလောင်းအစားကြီးတယ်လို့ ဆိုရမှာပါပဲ။ ဘာပဲဖြစ်ဖြစ် မိတ်ဆက်မယ့်ရက်ကလည်း နီးကပ်နေပြီဖြစ်လို့ အချက်အလက်မှန်ကိုသိရဖို့ ရက်ပိုင်းပဲ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

Ref: GSMArena