နှစ်နှစ်ဆက် Ti ချန်ပီယံ OG အသင်းဟာ အဓိက ကစားသမားအများစု အနားယူနေတဲ့ အချိန်အတွင်းမှာ ဒုတိယ အသင်းအဖြစ် OG.Seed ကိုကြေညာခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က အရည်အချင်းရှိပြီး အောင်မြင်မှုကြီးကြီးမားမား မရသေးတဲ့ ကစားသမားတွေကို လမ်းပြပေးဖို့ဖြစ်ပြီး The International (Ti) ပြိုင်ပွဲမှာတော့ အဖွဲ့အစည်းတစ်ခုထဲက အသင်းနှစ်သင်းပါဝင်ခွင့်မရတာကြောင့် တတိယမြောက်မေဂျာပြီးတာနဲ့ OG.Seed ကို လက်လွှတ်ဖို့ဖြစ်ပါတယ်။
လက်ရှိ Dota 2 Pro Circuit ရာသီဟာ နှစ်စတည်းက COVID-19 ပြန့်ပွားမှုကြောင့် နှောင့်နှေးခဲ့ရပြီး အခုထိ ပြန်လည်စတင်နိုင်ခြင်းမရှိသလို Ti10 ကိုလည်း ၂၀၂၁ ထိ ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒါပေမယ့် OG ကတော့ မူလ ရည်ရွယ်ထားတဲ့အတိုင်း OG.Seed အသင်းသားတွေကို လက်တွဲဖြုတ်လိုက်ကြောင်း ယခု ကြေညာလိုက်ပါပြီ။
သူတို့ဟာ အခြားအသင်းတွေနဲ့ ပြိုင်ပွဲကျင်းပသူတွေကို အသင်းတစ်ခုထက်ပိုပြီး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အဖြေရှာခဲ့ကြသေးပေမယ့် အဆင်မပြေခဲ့ဘူးလို့လည်း တရားဝင်ကြေညာချက်မှာ ထည့်သွင်းဝန်ခံခဲ့ပါသေးတယ်။ OG အဖွဲ့အစည်းဟာ OG.Seed ကို တစ်လစာကြိုအသိပေးထားပြီး ဇူလိုင် ၁ ရက်နေ့မှာ ထွက်ခွာခွင့်ပြုမှာပါ။
OG.Seed အသင်းမှာ Madara, Chessie, Xibbe, Zfreek, Peksu တို့ပါဝင်ပြီး အသင်းသားအများစုဟာ အတွေ့အကြုံရှိသူများဖြစ်ပေမယ့် အသင်းဖွဲ့စည်းချိန်ကနေ အခုထိ အောင်မြင်မှုကြီးကြီးမားမားမရခဲ့ဘဲ Tier 2/3 ပွဲစဉ်တွေမှာသာ ကျင်လည်ခဲ့ရပါတယ်။
Ref – AFKGaming