၂၀၂၂ အတွက် Flagship ဖုန်းသစ်ဖြစ်လာမယ့် OnePlus 10 Pro ဟာ မကြာခင်မှာ တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဓါတ်ပုံတွေမပေါက်ကြားခင်မှာပဲ OnePlus ကိုယ်တိုင်ကနေ ဖုန်းဓါတ်ပုံတွေကိုပြသပြီး တရားဝင်မိတ်ဆက်မယ့်အချိန်ကိုပါ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

OnePlus ရဲ့ ပြောကြားချက်အရတော့ OnePlus 10 Pro ဟာ လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လည် ၂ နာရီ တရုတ်နိုင်ငံစံတော်ချိန်မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ OnePlus ကနေ အဆိုပါ ဖုန်းဓါတ်ပုံတွေကို အသုံးပြုပြီး Website နဲ့ Social Media မှာ စတင်ကြော်ငြာနေပြီဖြစ်ပါတယ်။

OnePlus 10 Pro စမတ်ဖုန်းဟာ Triple Camera Setup နဲ့ Camera Ring ပုံစံ Flash ကို အသုံးပြုထားတဲ့ လေးထောင့်ဆန်ဆန် Camera Layout နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ မနှစ်တုန်းကလိုမျိုး Hasselblad နဲ့လည်း ဆက်လက်ပူးပေါင်းထားတဲ့အကြောင်းကို Camera Bump မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

OnePlus 10 Pro နဲ့ ပတ်သက်ပြီး တရားဝင် Specification တွေထွက်ရှိသေးခြင်းမရှိပေမယ့် ယခင်တုန်းက ပေါက်ကြားထားတဲ့ သတင်းတွေအရတော့ Qualcomm Snapdragon 8 Gen 1 Chipset ၊ 80W Wired Charging ၊ 50W Wireless Charging နဲ့ 50MP Primary Camera တွေပါဝင်မှာဖြစ်ပါတယ်။ Display အနေနဲ့လည်း 6.7″ QHD+ Super AMOLED Display ကိုမှ 120Hz Refresh Rate အထိ Support ပေးနိုင်တဲ့ LTPO 2.0 နည်းပညာကို အသုံးပြုလာမှာဖြစ်ပါတယ်။

အခုလောလောဆယ်အထိ OnePlus 10 Pro နဲ့ ပတ်သက်ပြီးပဲ သတင်းတွေထွက်ရှိနေသေးပေမယ့် တကယ်မိတ်ဆက်တဲ့အချိန်မှာတော့ အရွယ်အစားပိုမိုသေးငယ်ပြီး စျေးပိုသက်သာမယ့် OnePlus 10 ကိုလည်း မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena