OnePlus 12 ကို တရုတ်မှာ ကြေညာလိုက်ပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 8 Gen 3 Chipset ပါပါတယ်။ 6.82” LTPO AMOLED 1440x3168p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 1-120Hz Adaptive Refresh Rate ထောက်ပံ့ထားပြီး 4,500 Nits Peak Brightness ပါပါတယ်။

OnePlus 12 debuts with Snapdragon 8 Gen 3, IP65 rating and 50W wireless charging

အနောက်ဘက်မှာ Hasselblad-branded ကင်မရာတွေ တပ်ဆင်ထားပြီး 50MP Main , 64MP Telephoto (3x Optical Zoom , 6x Lossless Magnification ) , 48MP Ultrawide တို့ ဖြစ်ပါတယ်။ တရုတ်မှာ Android 14 အခြေပြု ColorOS 14.0 မောင်းနှင်ထားပြီး နိုင်ငံတကာမှာ OxygenOS 14 ထည့်သွင်းထားမှာပါ။

OnePlus 12 debuts with Snapdragon 8 Gen 3, IP65 rating and 50W wireless charging

5,400mAh Dual-cell Battery တပ်ဆင်ထားပြီး OnePlus ဖုန်းတွေထဲမှာ အကြီးမားဆုံးပါ။ 50W Wireless Charging နဲ့ 10W Reverse Wireless Charging ထောက်ပံ့ထားပါတယ်။ Wired Charging က 100W ဖြစ်ပါတယ်။

OnePlus 12 မှာ WiFi 7, Bluetooth 5.4 , IR Blaster , USB Type-C 3.2 ထောက်ပံ့ထားပြီး  Black, Emerald Green နဲ့ White အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၄,၂၉၉ ယွမ် (၆၀၇ ဒေါ်လာ)နဲ့ 24GB/1TB ကို ၅,၇၉၉ ယွမ် (၈၁၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ ရောင်းမှာပါ။

နိုင်ငံတကာအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ကြေညာမှာ ဖြစ်ပြီး ကုမ္ပဏီက ကြေညာမယ့်နေ့ အတိအကျကို မပြောသေးပါဘူး။

Ref : gsmarena