OnePlus 5 နဲ့ OnePlus 5T စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲက မိတ်ဆက်ခဲ့တဲ့ OnePlus ရဲ့ Flagship ဖုန်းတွေဖြစ်ပါတယ်။ အခုလိုမျိုး ထွက်ရှိထားတာအချိန်အားဖြင့် ၃ နှစ်လောက်ရှိနေပေမယ့် အခုအချိန်မှာ Android 10 Stable Version ကို Update လုပ်နိုင်နေပါပြီ။

OnePlus ကနေ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အဆိုပါ OnePlus 5 နဲ့ 5T ဖုန်းတွေအတွက် Android 10 Update ကို ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်အတွင်းမှာ ရရှိအောင်ဆောင်ရွက်ပေးမယ်ဆိုပြီး ကတိပေးခဲ့ပြီးတော့ အခုအချိန်မှာ လုံးဝ Stable Android 10 OS ကို အခြေခံထားတဲ့ OxygenOS 10 Update ကို ထုတ်ပေးလိုက်တာဖြစ်ပါတယ်။

OnePlus 5 နဲ့ 5T တွေအတွက် Android 10 Open Beta Version ကို ပြီးခဲ့တဲ့လအစောပိုင်းတုန်းကမှ စတင်ထွက်ရှိခဲ့တာဖြစ်တဲ့အတွက် ဒီလိုမျိုး Beta ကနေ Stable Version Update ရရှိတဲ့အချိန်က တခြားသော စမတ်ဖုန်းတွေနဲ့ယှဥ်မယ်ဆိုရင် တော်တော်လေးကို မြန်ဆန်တယ်လို့ ပြောနိုင်ပါတယ်။ ဒီလိုမျိုး Android 10 Update ရရှိလာတဲ့အတွက် System-wide Dark Mode ၊ Full Screen Gesture တွေနဲ့အတူ တခြားသော ပြောင်းလဲမှုတွေအများအပြားရှိလာမှာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus 5 နဲ့ OnePlus 5T အသုံးပြုသူတွေအနေနဲ့ OxygenOS 10 Update ကို အခုပဲ Download ပြုလုပ်နိုင်မှာဖြစ်ပြီး File Size အနေနဲ့ 1.8GB ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒီလိုမျိုး Android ဖုန်းတစ်လုံးကို ၃ နှစ်လောက်အထိ ဆက်တိုက် Support ပေးနိုင်တဲ့ OnePlus ကတော့ တကယ်ကိုရေရှည် Software Update လိုချင်တဲ့သူတွေအတွက် ရွေးချယ်စရာဖြစ်နေမှာပါ။

Ref – XDA-Developers