[Unicode]

OnePlus ဟာ OnePlus 8, 8 Pro နဲ့ 8 Lite စီးရီးကို ၂၀၂၀ ပထမနှစ်ဝက်မှာဖြန့်ချိဖို့ စီစဉ်ပြီးသားပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကတော့ OnePlus 8 Pro ကို Snapdragon 865 SoC, 12GB RAM နဲ့အတူ Geekbench မှာတွေ့ခဲ့ရပါတယ်။ အခုတော့ Hands-on ပေါက်ကြားထွက်ပေါ်လာတာပါ။

အနာဂတ်ရဲ့ OnePlus တွေမှာ 120Hz Fluid Display သုံးလာမယ်ဆိုတဲ့အကြောင်းကို Pete Lau က တွစ်တာမှာကြွားခဲ့ဖူးပါတယ်။ အခုတော့ OnePlus 8 Pro ရဲ့ Hands-on အရ ဒီဟန်းဆက်ရဲ့မျက်နှာပြင်ဟာ 120Hz refresh rate နဲ့ဆိုတာ သိလိုက်ကြရပါတယ်။ ဒါကိုပေါက်ကြားလာတဲ့ ရုပ်ပုံရဲ့ Setting မှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။

Hands-on ရုပ်ပုံမှာမြင်တွေ့ရတဲ့ဟန်းဆက်က ဈေးကွက်ထဲဖြန့်ဖို့ အလုံးလိုက်အရင်းလိုက် မထုတ်လုပ်ခင်၊ စမ်းသပ်မှုတွေနဲ့၊ တုံ့ပြန်ချက်တွေသိရဖို့ အကြိုထုတ်လုပ်မှုအနေနဲ့ထွက်ထားတာလို့ ယူဆရပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးကို တွေ့မြင်ရပါတယ်။

ညာဘက်ခြမ်း ဘေးဘောင်မှာတော့ Alert slider နဲ့ ပါဝါခလုတ်ကို တွေ့ရပြီး၊ ဘယ်ဘက်ခြမ်းဘေးဘောင်မှာတော့ အသံအတိုးအချဲ့ခလုတ်ကိုတွေ့ရပါတယ်။ OLED မျက်နှာပြင်ဟာ လက်ဗွေဖတ်စနစ်နဲ့ပေါင်းစပ်ထားတာ အသေအချာပါပဲ။ အခုပုံအရ Notch မပါတဲ့ ဒီဇိုင်းဆိုတော့ OnePlus 8 စီးရီးဟာ Pop-up မဟုတ်ဘဲ Punch-hole နဲ့ပဲ ထွက်လာတော့မှာပါ။

ပေါက်ကြားလာတဲ့ပုံရိပ်က ပြောချင်တဲ့အဓိကအကြောင်းအရာဟာ 120Hz refresh rate မျက်နှာပြင်ပါ။ ဒါပေမယ့် သတိထားရမှာက 90Hz နဲ့ 60Hz တွေလည်း ရွေးချယ်နိုင်သေးတာကိုပါ။ ဒီတော့ Quad HD+ resolution ကို ဘယ်လောက်ထိ ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ 120Hz အောက်မှာတော့ အချောမွေ့ဆုံးဆိုပေမယ့် ဘက်ထရီသက်တမ်းကို လျော့ကျစေတယ် လို့အသိပေးထားပါတယ်။

နောက်တစ်ချက်က၊ 120Hz ကိုရွေးလိုက်ရင် မျက်နှာပြင် Resolution က 1080p ကို ပြောင်းသွားမှာလားဆိုတာလည်း မသိရသေးပါဘူး။ အခုမြင်တွေ့ရတာက အကြိုထုတ်လုပ်မှုပုံစံဖြစ်တာကြောင့် တကယ်တမ်းဈေးကွက်ထဲပို့မယ့်ဟန်းဆက်တွေမှာ 120Hz option ပါမလာတာလည်း ဖြစ်နိုင်ပါတယ်။

Ref: Gizmochina

[Zawgyi]

120Hz Option ပါဝင္တဲ့ OnePlus 8 Pro Hands-on ႐ုပ္ပုံ ေပါက္ၾကားလာ

OnePlus ဟာ OnePlus 8, 8 Pro နဲ႔ 8 Lite စီးရီးကို ၂၀၂၀ ပထမႏွစ္ဝက္မွာျဖန႔္ခ်ိဖို႔ စီစဥ္ၿပီးသားပါ။ ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းကေတာ့ OnePlus 8 Pro ကို Snapdragon 865 SoC, 12GB RAM နဲ႔အတူ Geekbench မွာေတြ႕ခဲ့ရပါတယ္။ အခုေတာ့ Hands-on ေပါက္ၾကားထြက္ေပၚလာတာပါ။

အနာဂတ္ရဲ႕ OnePlus ေတြမွာ 120Hz Fluid Display သုံးလာမယ္ဆိုတဲ့အေၾကာင္းကို Pete Lau က တြစ္တာမွာႂကြားခဲ့ဖူးပါတယ္။ အခုေတာ့ OnePlus 8 Pro ရဲ႕ Hands-on အရ ဒီဟန္းဆက္ရဲ႕မ်က္ႏွာျပင္ဟာ 120Hz refresh rate နဲ႔ဆိုတာ သိလိုက္ၾကရပါတယ္။ ဒါကိုေပါက္ၾကားလာတဲ့ ႐ုပ္ပုံရဲ႕ Setting မွာ ျမင္ေတြ႕ရတာ ျဖစ္ပါတယ္။

Hands-on ႐ုပ္ပုံမွာျမင္ေတြ႕ရတဲ့ဟန္းဆက္က ေဈးကြက္ထဲျဖန႔္ဖို႔ အလုံးလိုက္အရင္းလိုက္ မထုတ္လုပ္ခင္၊ စမ္းသပ္မႈေတြနဲ႔၊ တုံ႔ျပန္ခ်က္ေတြသိရဖို႔ အႀကိဳထုတ္လုပ္မႈအေနနဲ႔ထြက္ထားတာလို႔ ယူဆရပါတယ္။ မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္အေပၚေထာင့္မွာ Punch-hole နဲ႔အတူ Selfie ကင္မရာတစ္လုံးကို ေတြ႕ျမင္ရပါတယ္။

ညာဘက္ျခမ္း ေဘးေဘာင္မွာေတာ့ Alert slider နဲ႔ ပါဝါခလုတ္ကို ေတြ႕ရၿပီး၊ ဘယ္ဘက္ျခမ္းေဘးေဘာင္မွာေတာ့ အသံအတိုးအခ်ဲ႕ခလုတ္ကိုေတြ႕ရပါတယ္။ OLED မ်က္ႏွာျပင္ဟာ လက္ေဗြဖတ္စနစ္နဲ႔ေပါင္းစပ္ထားတာ အေသအခ်ာပါပဲ။ အခုပုံအရ Notch မပါတဲ့ ဒီဇိုင္းဆိုေတာ့ OnePlus 8 စီးရီးဟာ Pop-up မဟုတ္ဘဲ Punch-hole နဲ႔ပဲ ထြက္လာေတာ့မွာပါ။

ေပါက္ၾကားလာတဲ့ပုံရိပ္က ေျပာခ်င္တဲ့အဓိကအေၾကာင္းအရာဟာ 120Hz refresh rate မ်က္ႏွာျပင္ပါ။ ဒါေပမယ့္ သတိထားရမွာက 90Hz နဲ႔ 60Hz ေတြလည္း ေ႐ြးခ်ယ္ႏိုင္ေသးတာကိုပါ။ ဒီေတာ့ Quad HD+ resolution ကို ဘယ္ေလာက္ထိ ေကာင္းမြန္ေအာင္ ေထာက္ပံ့ေပးႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။ 120Hz ေအာက္မွာေတာ့ အေခ်ာေမြ႕ဆုံးဆိုေပမယ့္ ဘက္ထရီသက္တမ္းကို ေလ်ာ့က်ေစတယ္ လို႔အသိေပးထားပါတယ္။

ေနာက္တစ္ခ်က္က၊ 120Hz ကိုေ႐ြးလိုက္ရင္ မ်က္ႏွာျပင္ Resolution က 1080p ကို ေျပာင္းသြားမွာလားဆိုတာလည္း မသိရေသးပါဘူး။ အခုျမင္ေတြ႕ရတာက အႀကိဳထုတ္လုပ္မႈပုံစံျဖစ္တာေၾကာင့္ တကယ္တမ္းေဈးကြက္ထဲပို႔မယ့္ဟန္းဆက္ေတြမွာ 120Hz option ပါမလာတာလည္း ျဖစ္ႏိုင္ပါတယ္။

Ref: Gizmochina