OnePlus က တရုတ်မှာ OnePlus 11 နဲ့အတူ OnePlus Buds Pro 2 ကြိုးမဲ့ နားကြပ်ကိုပါ ကြေညာလိုက်ပါတယ်။ နားကြပ်မှာ Noise Canceling ပိုကောင်းလာပြီး Dolby Atmos Spatial Audio နဲ့ Dynaudio ရဲ့ Sound Tuning ပါလာပါတယ်။

Buds Pro 2 ဟာ အရင်နှစ်ထုတ် Buds Pro ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး အခြေခံ ဒီဇိုင်းက တူညီကာ Two-tone Finish ဖြစ်ပါတယ်။ Charging Case က Matte ဖြစ်ပါတယ်။ နားကြပ်မှာ 11mm Dynamic Drivers နဲ့ 6mm Planar Diaphragm Drivers ထည့်သွင်းထားပြီး Bluetooth 5.3 ပါလာပါတယ်။ ANC က 48db အထိ Noise ကို လျှော့ချပေးနိုင်ပါတယ်။ နားကြပ်တစ်ခုစီမှာ မိုက်ကရိုဖုန်း ၃ လုံး တပ်ဆင်ထားပြီး ဖုန်းပြောလို့ ကောင်းကာ အသံဆူညံမှုကို လျှော့ချပေးပါတယ်။

Buds Pro 2 မှာ AAC, SBC နဲ့ LC3 Codecs တွေကို ထောက်ပံ့ထားပြီး LHDC 5.0 Audio Codec ကို နောက်ပိုင်းမှာ Software Update နဲ့ ထည့်သွင်းပေးမှာပါ။ ဂိမ်းကစားဖို့အတွက် 54ms Low Latency Mode ပါလာပြီး Device ၁ ခုထက်ပိုကာ ချိတ်ဆက်နိုင်တဲ့ လုပ်ဆောင်ချက် ပါပါတယ်။

OnePlus က Buds Pro 2 ဟာ Charging Case နဲ့ ပေါင်းပြီး ANC ပိတ်ထားရင် ၃၉ နာရီ အသုံးခံတယ်လို့ ပြောပါတယ်။ Case ကို Qi Charger နဲ့ ကြိုးမဲ့ အားသွင်းနိုင်သလို USB-C နဲ့လည်း အားသွင်းနိုင်ပါတယ်။

OnePlus Buds Pro 2 အတွက် အနက်နဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး ၁၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဇန်နဝါရီလ ၉ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena