OnePlus ဟာ တရုတ်မှာ OnePlus 11 နဲ့ Buds Pro 2 ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ Buds Pro 2 ဟာ အရင်နှစ်က ကြေညာခဲ့တဲ့ မူလ Buds Pro ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး ဒီဇိုင်းက တူညီမယ်လို့ သတင်းထွက်နေပါတယ်။ Buds Pro 2 မှာ Dolby Audio နဲ့ Spatial Audio ပါလာမှာ ဖြစ်ပြီး အသံအရည်အသွေး ကောင်းမွန်မှာပါ။

အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Tipster Evan Blass က Buds Pro 2 ရဲ့ ဓါတ်ပုံတချို့ကို မျှဝေလိုက်ပြီး ဘူးခွံနဲ့ နားကြပ် အရောင်တွေကို သိလာရပါတယ်။

OnePlus Buds Pro 2 renders emerge - GSMArena.com news

OnePlus Buds Pro 2 ရဲ့ ဒီဇိုင်းဟာ အပေါ်မှာ ပြောခဲ့သလိုပဲ အရင်မျိုးဆက်နဲ့ တူညီပါတယ်။ နားထဲကို တစ်ဝက်တစ်ပျက် ထည့်သွင်း ဝတ်ဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး Stem ပါပါတယ်။ Stem ဟာ Dual-tone ဒီဇိုင်း ဖြစ်ပြီး အောက်ခြေဟာ တောက်ပြောင်ပါတယ်။ နားကြပ်အတွက် Arbor Green , Obsidian Black နဲ့ White အရောင်တွေ ထုတ်လုပ်ထားပြီး Charging Case က လေးထောင့်ပုံသဏ္ဍာန် ဖြစ်ပါတယ်။ ဘက်ထရီ အားပမာဏကို ပြသပေးတဲ့ LED Indicator ကို Charging Case မှာ တွေ့ရပြီး Type-C Port တပ်ဆင်ထားပါတယ်။

Blass က OnePlus Buds Pro 2 ဘူးထဲမှာ နားကြပ်၊ ဆီလီကွန် နားကြပ်ထိပ်ဖူး ၂ ခု၊ USB-A to USB-C Cable နဲ့ စာရွက်စာတမ်းတွေ ပါတယ်လို့ ပြောပါတယ်။

အရင်က ပေါက်ကြားသတင်းတွေအရ OnePlus Buds Pro 2 အတွက် 11mm နဲ့ 6mm Dual Driver တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး ANC ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

Ref : gizmochina