India စျေးကွက်ဟာ တရုတ်နိုင်ငံစျေးကွက်ပြီးရင် အကြီးဆုံးလို့ ပြောနိုင်ပြီးတော့ Mid Range နဲ့ Budget စမတ်ဖုန်းတွေအများအပြားရောင်းချနေရတာလည်းဖြစ်ပါတယ်။ အခုလည်း Counterpoint Research ကနေ India ရဲ့ Premium Smartphone Brand Report ကို ထုတ်ပြန်ခဲ့ပြီး OnePlus ကနေ စျေးကွက်ရှယ်ယာ ၃၃ ရာခိုင်နှုန်းနဲ့ နံပါတ် (၁) နေရာကို ရယူသွားခဲ့ပါတယ်။

ဒါပေမယ့် တစ်ခုရှိတာက အခု Premium Smartphone Brand ကို သတ်မှတ်တဲ့နေရာမှာ စျေးနှုန်း INR 30,000 (မြန်မာငွေ ၆ သိန်းဝန်းကျင်) အထက် စမတ်ဖုန်းစျေးကွက်ကို တွက်ချက်တာဖြစ်ပြီး Flagship ဖုန်းတွေကိုပဲ ထည့်သွင်းတာမျိုးမဟုတ်ပါဘူး။

OnePlus ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက စျေးကွက်ရှယ်ယာ ၂၈ ရာခိုင်နှုန်းနဲ့ Samsung ရဲ့ အနောက်မှာ ဒုတိယနေရာရရှိခဲ့တာဖြစ်ပြီး အခုအချိန်မှသာ ပထမနေရာကို ရယူနိုင်သွားတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နှစ်ထဲမှာတင် စမတ်ဖုန်းအလုံးရေ ၂ သန်းအထိရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကလည်း OnePlus ဖုန်းတွေဟာ Specs ပိုင်းအရ ထိပ်တန်းအဆင့်ရှိနေသလို 90Hz Refresh Rate Display တွေကလည်း ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ပုံစံပါပဲ။

Samsung ကတော့ မနှစ်ကထက် စျေးကွက်ရှယ်ယာ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒုတိယနေရာကိုဆက်လက်ထိန်းထားတုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း INR 45,000 (မြန်မာငွေ ၉ သိန်းကျော်) အထက်ရှိတဲ့ Ultra-premium Segment မှာတော့ Galaxy S10+ လိုမျိုး Flagship ဖုန်းတွေကြောင့် မနှစ်ကထက် ၂၄ ရာခိုင်နှုန်းအထိ တိုးတက်လာတာကိုတွေ့ရပါတယ်။

Apple အနေနဲ့လည်း iPhone XR လိုမျိုး စျေးသက်သာတဲ့ iPhone တွေရောင်းအားတက်လာတဲ့အတွက် မနှစ်ကထက် ၄၁ ရာခိုင်နှုန်းတိုးတက်လာတဲ့အပြင် ယခုနှစ်မှာလည်း iPhone 11 လိုဖုန်းတွေက ဆက်လက်အောင်မြင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref – GSM Arena