OnePlus ဟာ Nord Series နဲ့ တန်ဖိုးနည်း စမတ်ဖုန်းဈေးကွက်ကို နယ်ချဲ့လာပါတယ်။ အခုလည်း တန်ဖိုးနည်း ဖုန်း နောက် ၁ လုံးကို ချပြလိုက်ပါပြီ။ OnePlus Nord N100 လို့ နာမည်ပေးထားပြီး 5G တော့ မပါပါဘူး။ 4GB RAM / 64GB Storage ပါလာပြီး ၁၇၉ ယူရို ရှိပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်း ၇ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး microSD Card စိုက်နိုင်ပါတယ်။

OnePlus Nord N100

Snapdragon 460 Chipset မောင်းနှင်ထားပြီး တန်ဖိုးနည်း 11nm Chip ဖြစ်ပါတယ်။ GPU က Adreno 610 ဖြစ်ပါတယ်။ ၆.၅၂ လက်မ IPS LCD 720x1600p မျက်နှာပြင် ထည့်သွင်းထားပြီး 60Hz Refresh Rate က သာမာန်ပါပဲ။ မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

OnePlus က အဲဒီ တန်ဖိုးနည်းဖုန်းမှာ ဘက်ထရီ သက်တမ်းကို ဦးစားပေးထားပြီး 5,000mAh ဘက်ထရီ ထည့်ပေးထားပါတယ်။ 18W Charging ထောက်ပံ့ထားပြီး နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။ Stereo Speakers တပ်ဆင်ထားပါတယ်။ အနောက်ဘက်က ပင်မကင်မရာက 13MP ပဲရှိတဲ့အတွက် ဓါတ်ပုံတွေက သာမာန်လောက်ပါပဲ။ ပင်မကင်မရာနဲ့အတူ 2MP Macro နဲ့ 2MP Depth ၂ လုံး တွဲဖက်ပေးထားပြီး အရှေ့၊ အနောက်ကင်မရာတွေက 1080p 30fps ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်ပေးထားပါတယ်။

Android 10 အခြေပြု OxygenOS 10.5 မောင်းနှင်ထားပြီး Midnight Frost ၁ ရောင်ပဲ ထုတ်လုပ်ထားပါတယ်။ နိုဝင်ဘာလ အစောပိုင်း ဥရောပမှာ ရောင်းမှာပါ။

Ref : gsmarena