OnePlus က Android 11 အခြေပြု Oxygen OS 11 ရရှိမယ့် Device စာရင်းနဲ့ အချိန်ကို ကြေညာလိုက်ပါတယ်။ OnePlus က ဖိုရမ်မှာ ဒီစာရင်းကို မျှဝေလိုက်တာ ဖြစ်ပြီး OnePlus Nord ဟာ အစောဆုံး အနေနဲ့ နောက် ၁ ပတ်မှာ Open Beta Build ကို ရရှိမှာ ဖြစ်ပါတယ်။

OxygenOS 11 : Features, Release Date (Eligible devices to get Android 11 (OxygenOS 11) Update) | DigiStatement

OnePlus ဟာ Internal Data Decryption ပြဿနာကို Qualcomm နဲ့အတူ ဖြေရှင်းပြီးတာနဲ့ OnePlus 7 နဲ့ OnePlus 7T Series အတွက် Update ကို ဖြန့်ချိပေးမှာဖြစ်ပြီး နောက်ဆုံး ရမှာက OnePlus 6 , OnePlus 6T တို့နဲ့အတူ တန်ဖိုးနည်း Nord 10 နဲ့ Nord 100 တို့ ဖြစ်ပါတယ်။

OnePlus 8 series starts getting Oxygen OS 11 with Android 11 | BGR India

OnePlus က Oxygen OS 11 ဖြန့်ချိပေးမယ့် နေ့ရက် အတိအကျကို မပြောသေးပါဘူး။ Open Beta ပြီးရင်တော့ Stable Update ကို ဖြန့်ချိပေးမယ်လို့ ထင်ရပေမယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။ OnePlus 7 Series ဖုန်းတွေ Update ရမယ့် အချိန်က ပိုရှုပ်ထွေးပြီး Verizon , T-Mobile , EE တို့လို ပါတနာတွေဆီက ဝယ်တဲ့ အလုံးတွေမှာ ကုမ္ပဏီတွေရဲ့ Personalized Software တွေကြောင့် Update ရမယ့် အချိန်က ကွဲပြားနိုင်ပါတယ်။

ဖုန်းအဟောင်းတွေအတွက် Update ရမယ့် အစီအစဉ်ကို OnePlus က နောက်ပိုင်းမှာ ကြေညာမယ်လို့ ပြောပါတယ်။

OnePlus 8 , 8 Pro နဲ့ 8T တို့မှာတော့ Android 11 အခြေပြု Oxygen OS 11 ရနေကြပြီ ဖြစ်ပါတယ်။ Oxygen OS 11 မှာ ပင်မ App တွေရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားပြီး စာဖတ်ရတာ ပိုကောင်းတဲ့ Font အသစ် ၁ ခု ပါလာပါတယ်။  Clock Style အသစ်တွေ ပါတဲ့ AOD ထည့်သွင်းထားပြီး Zen Mode နဲ့ Dark Mode တွေ ပိုကောင်းလာပါတယ်။

Ref : gsmarena