OnePlus က နောက်ထွက်မယ့် OnePlus Pad Go တက်ဘလက်ရဲ့ ဒီဇိုင်းကို ပြသလိုက်ပါတယ်။ OnePlus ဟာ ပထမဆုံး တက်ဘလက် ဖြစ်တဲ့ OnePlus Pad ကို ကြေညာအပြီး ၇ လ အကြာမှာ ပိုမို ဈေးသက်သာတဲ့ Pad Go ကို ကြေညာတော့မှာပါ။

OnePlus Pad Go: New tablet appears before rumoured 2024 release -  NotebookCheck.net News

Pad Go ရဲ့ ဒီဇိုင်းဟာ OnePlus Pad နဲ့  တော်တော် တူညီပြီး ထောင့်စွန်းတွေက ကွေးညွှတ်ကာ မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ အဓိကကွဲပြားချက်က အနောက်ဘက်ဟာ ၂ ရောင်စပ် ဖြစ်သွားတာဖြစ်ပြီး ကိုယ်ထည်ကို Aluminum နဲ့ တည်ဆောက်ထားတာပါ။

OnePlus Pad Go ရဲ့ အရောင်တွေဟာ OnePlus Pad နဲ့ တူညီပေမယ့် အစိမ်းဖျော့ရောင်ကို သုံးထားတာပဲ ကွဲပြားပါတယ်။ OnePlus Pad Go ရဲ့ ပါဝါနဲ့ အသံခလုတ်တွေ နေရာချထားမှုက OnePlus Pad နဲ့ တူညီပါတယ်။ ထောင့်စွန်း ၁ ခုစီအနားမှာ စပီကာ ၁ လုံး တပ်ထားပြီး စုစုပေါင်း စပီကာ ၄ လုံး ပါလာပါတယ်။ Pad Go မှာ Storage တိုးမြှင့်ဖို့ သို့မဟုတ် SIM အတွက် Slot ပါလာပါတယ်။

OnePlus Pad Go Flipkart Availability Confirmed Ahead of October Debut -  MySmartPrice

OnePlus က “ All Play, All Day” Tagline ကို သုံးထားတဲ့အတွက် ဘက်ထရီ သက်တမ်း ကောင်းမွန်မှာ ဖြစ်ပါတယ်။ Chipset နဲ့ Refresh Rate က OnePlus Pad ထက် စွမ်းရည်နိမ့်နိုင်ပြီး ကျန်တဲ့ Specs တွေက တူညီနိုင်ပါတယ်။

OnePlus Pad Go ကို ကြေညာမယ့် နေ့ကို ကုမ္ပဏီက မပြောသေးပါဘူး။

Ref : gsmarena