OnePlus Nord ကို မိတ်ဆက်ခဲ့တဲ့အချိန်ကာလဟာ လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ဖြစ်ပါတယ်။ ဒီဟန်းဆက်ကို မိတ်မဆက်ခင်တုန်းက ကုမ္ပဏီက Nord ဟာ စမတ်ဖုန်းလိုင်းတစ်ခုဖြစ်ကြောင်းလည်း ပြောခဲ့တာကြောင့် OnePlus Nord ဟာ တစ်မျိုးတည်းမဟုတ်ဘဲ မိသားစုဝင်တွေလည်း ရှိလာမယ်ဆိုတာ သိနိုင်ခဲ့ပါတယ်။

အခုတော့ နောက်ထပ် မျိုးဆက်သစ် OnePlus Nord တစ်မျိုးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့တရားဝင် Instagram အကောင့်ဖြစ်တဲ့ oneplus.nord အကောင့်မှာ OnePlus Nord သစ်ကို မိတ်ဆက်မယ့်အကြောင်း လွှင့်တင်ခဲ့တာကို တွေ့မြင်ရတာပါ။

View this post on Instagram

#ComingSoon

A post shared by OnePlus Nord (@oneplus.nord) on

OnePlus ကလွှင့်တင်ခဲ့တဲ့ ပန်းချီဒီဇိုင်းနဲ့ Teaser post မှာ #ComingSoon လို့ ထည့်သွင်းဖော်ပြထားပါတယ်။ OnePlus ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်ကပဲ ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းတမျိူးကို မိတ်ဆက်ဖို့ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ အဲ့ဒီဖုန်းကို OnePlus Nord N10 5G နာမည်နဲ့ မိတ်ဆက်လာနိုင်ပြီး အမေရိကန်ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Instagram မှာ မြင်တွေ့ရတဲ့ Teaser ဟာ ဒီဟန်းဆက်လို့ပဲ ယူဆရပါတယ်။

OnePlus Nord N10 5G ဟာ 6.49-inch FHD+, 90Hz မျက်နှာပြင် အမျိုးအစားဖြစ်ပါတယ်။ Snpadragon 690 5G processor ကို 6GB of RAM နဲ့တွဲဖက်ထားပြီး သိုလှောင်မှုပမာဏကတော့ 128GB ဖြစ်ပါတယ်။ ကျောဘက်မှာ 64MP အဓိကကင်မရာ ကို 8MP ultrawide နဲ့ 2MP ကင်မရာ နှစ်လုံး တွဲဖက်ပေးထားပါတယ်။ ကျန်တဲ့အချက်အလက်တွေကို မသိရသေးပေမယ့် ဒီဟန်းဆက်ရဲ့တန်ဖိုးဟာ $400 (၅ သိန်း ၂ သောင်းခွဲဝန်းကျင်) အောက်လို့ သိရပါတယ်။

Ref: Gizmochina