OnePlus က ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို ကြေညာမယ်လို့ ဒီနှစ် အစောပိုင်းက အတည်ပြုခဲ့ပြီး အခုတော့ Indian BIS (Bureau of Indian Standards) မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးသထက်နီးလာပါပြီ။ OnePlus ရဲ့ စမတ်နာရီကို W501GB နဲ့ W301GB မော်ဒယ်နံပါတ် ၂ မျိုးနဲ့ မှတ်ပုံတင်ထားပြီး WiFi Only Version နဲ့ LTE Version တို့ ဖြစ်နိုင်ပါတယ်။

Indian BIS (Bureau of Indian Standards) မှာ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပါဘူး။ ပေါက်ကြားသတင်းတွေအရ OnePlus Watch လို့ နာမည်ပေးထားနိုင်ပြီး စက်ဝိုင်းပုံ မျက်နှာပြင် ထည့်သွင်းထားကာ Classic ဒီဇိုင်း ဖြစ်နိုင်ပါတယ်။

Cyberpunk 2077 ဗီဒီယို ဂိမ်းကို အရောင်းမြှင့်တင်တဲ့အနေနဲ့ OnePlus က ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ 8T Cyberpunk 2077 Edition ကို ကြေညာခဲ့ပါတယ်။ နာမည်ကျော် Leaker ၁ ယောက်ဖြစ်တဲ့ Digital Chat Station က OnePlus ဟာ Watch Cyberpunk 2077 Edition ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ အရင်က သတင်းပေးခဲ့ပါတယ်။

Digital Chat Station က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ OnePlus Watch Cyberpunk 2077 Edition ရဲ့ အနက်ရောင် လက်ပတ်ကြိုး ဓါတ်ပုံကို မျှဝေခဲ့ဖူးပါတယ်။ အနက်ရောင် လက်ပတ်ကြိုးမှာ အဝါရောင် မျဉ်းကြောင်းကိုလည်း မြင်ရပါတယ်။ လက်ပတ်ကြိုးမှာ OnePlus နဲ့ Cyberpunk စာသားတွေ ရေးထွင်းထားပေမယ့် စမတ်နာရီ ဒီဇိုင်းကို မမြင်ရသေးပါဘူး။

Ref : gsmarena