ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက OPPO ကနေ 108MP Camera Sensor ကို အသုံးပြုလာမယ့် A Series ဖုန်းကို မိတ်ဆက်တော့မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ OPPO A Series ဖုန်းရဲ့ နာမည်အပြင် မိတ်ဆက်မယ့်အချိန်ကိုပါ တရားဝင်သိရှိရပြီဖြစ်ပါတယ်။
OPPO ကနေ မိတ်ဆက်သွားမယ့် A Series ဖုန်းအသစ်ကတော့ OPPO A1 Pro လို့ နာမည်ပေးထားပြီးတော့ ယခင် A Series တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် လုံးဝအသစ်ဖြစ်လာမှာပါ။ ဖြစ်နိုင်ခြေများနေတာကတော့ OPPO A1 Pro ဟာ လက်ရှိမိတ်ဆက်ထားပြီးသား A Series ဖုန်းတွေအားလုံးထက် ပိုမိုကောင်းမွန်ဖွယ်ရှိနေပါတယ်။
OPPO A1 Pro ဖုန်းဟာ Design ပိုင်းမှာလည်း ယခင်ထက်ပိုပြီး Premium ဆန်မှာဖြစ်ပြီး Display အနေနဲ့လည်း Curved OLED Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါ့အပြင် 120Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်တာကြောင့် Flagship ဖုန်းတွေနီးပါး စွမ်းဆောင်နိုင်မှာပါ။
Camera ပိုင်းမှာတေ့ာ Primary Back Camera ကို 108MP Camera Sensor အသုံးပြုထားမှာဖြစ်ပြီး Secondary Camera အနေနဲ့ကတော့ 2MP Sensor တွေကိုပဲ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Selfie Camera ပိုင်းမှာတော့ Single Punch-hole Camera ကိုပဲ အသုံးပြုထားပါတယ်။
OPPO ဟာ အဆိုပါ OPPO A1 Pro ဖုန်းကို လာမယ့်နိုဝင်ဘာလ ၁၆ ရက်နေ့ ဒီနေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး စျေးနှုန်းနဲ့ တခြားသောအသေးစိတ်အချက်အလက်တွေကို သိရှိရဖို့ကတော့ ဆက်လက်စောင့်ဆိုင်းရဦးမှာပါ။
Ref – GSM Arena