OPPO A Series အသစ်ဖြစ်တဲ့ OPPO A17 ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ၄၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပြီး Lake Blue နှင့် Midnight Black ဟူ၍ အ‌ရောင်နှစ်ရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

ဒီဇိုင်း သွင်ပြင်
OPPO A17 ရဲ့ ထူးခြားတဲ့ ဒီဇိုင်းတစ်ခုအနေနဲ့ ဖုန်းအနောက်မျက်နှာပြင်ကို Premium Leather-Feel Design ပုံစံ ဖန်တီးပြုလုပ်ထားတဲ့အတွက် သားရေအစစ်ကို ကိုင်ရတဲ့ ခံစားချက်ရရှိစေမှာဖြစ်ပြီး သုံးစွဲသူတို့ ကိုင်ဆောင်ရတာ အံဝင်ခွင်ကျဖြစ်စေဖို့ Flat Edge Design နဲ့ ထုတ်လုပ်ထားပါတယ်။ OPPO A17 ကို Lake Blue နဲ့ Midnight Black အရောင် နှစ်ရောင် ထုတ်လုပ်ထားပြီး အကြမ်းခံစေဖို့အတွက် အလွှာများစွာနဲ့ အဆင့်ဆင့် ဖန်တီးပြုလုပ်ထားတာကြောင့် လက်ဗွေရာထင်တာမျိုးမရှိတဲ့အပြင် အကြမ်းခံ အခြစ်ခံ ဒီဇိုင်းနဲ့ တပ်ဆင်ထားတာကြောင့် စတိုင်ကျစေမဲ့အပြင် အကြမ်းခံတဲ့ ဖုန်းကို ပိုင်ဆိုင်စေမှာပါ။ ဖုန်းသုံးစွဲသူတို့ စိတ်ကြိုက် ပေါ့ပေါ့ပါးပါးနဲ့ ကိုင်ရတာ အဆင်ပြေစေဖို့ 8.3 mm အထူသာရှိတဲ့ Ultra-Slim Retro Design ဖြင့် ထုတ်လုပ်ထားတဲ့အပြင် 189 g အလေးချိန်သာ ရှိတာကြောင့် အချိန်နေရာမရွေး အသုံးပြုဖို့အတွက် သက်သောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။ OPPO A17 မှာ ဖုန်းမျက်နှာပြင် မြင်ကွင်းကျယ် ကြိုက်နှစ်သက်တဲ့သူတွေအတွက် Screen Size 6.56” ကို Waterdrop ပုံစံနဲ့ ပြုလုပ်ထားပြီး HD+ အရည်အသွေးအထိ ကောင်းမွန်စွာ ကြည့်ရှုခံစားနိုင်စေမှာဖြစ်သလို Side Fingerprint Unlock စနစ်ကို ထည့်သွင်းပေးထားတဲ့အတွက် အချိန်ကုန်သက်သာစွာနဲ့ ဖုန်းကို စိတ်တိုင်းကျ လွယ်လွယ်ကူကူ Unlock ပြုလုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကင်မရာ အရည်အသွေး
OPPO A17 မှာ ကောင်းမွန်ပြီး အသေးစိတ်ကျတဲ့ ပုံရိပ်တွေ ရိုက်ကူးစေနိုင်ဖို့အတွက် AI ပါဝင်တဲ့ 50 MP Rear Camera ကို တပ်ဆင်ထားပြီး 5MP Selfie Camera နဲ့ Selfie ပုံတွေကို သဘာဝအတိုင်း ပုံထွက်ကြည်လင်စေမှာဖြစ်ပါတယ်။ OPPO A17 မှာ AI Beautification ပါဝင်တဲ့ Portrait Retouching လုပ်ဆောင်ချက် ထည့်သွင်းထားတဲ့အတွက် တစ်ယောက်တည်းဖြစ်ဖြစ်၊ အဖွဲလိုက်ဖြစ်ဖြစ် Selfie ရိုက်တဲ့အခါ ရုပ်ပုံများကို သဘာဝအတိုင်း လှပစေမှာဖြစ်သလို Night View Selfie ပါဝင်တဲ့အတွက် ညဘက်ရိုက်တဲ့ Selfie ပုံတွေကို ရုပ်ထွက်အရည်အသွေး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ကြီးမားသော ဘက်ထရီနဲ့ အားသွင်းစနစ်
OPPO A17 မှာ တစ်နေကုန် ဖုန်းအသုံးပြုနေရသူတွေအတွက် ဘက်ထရီ ကြာကြာခံစေနိုင်မဲ့ ကြီးမားတဲ့ 5000mAh ဘက်ထရီပါဝင်လာပြီး 10 W Charging လဲ ပါဝင်ပါတယ်။

Performance နဲ့ RAM Storage
OPPO A17 မှာဆိုရင် Processor အနေနဲ့ MTK G35 ထည့်သွင်းထားပြီး Android 12 ကို အခြေခံထားတဲ့ ColorOS 12.1 အသုံးပြုထားကာ App များကို တစ်ခုမှ တစ်ခု ကူးပြောင်း အသုံးပြုရတာ မြန်ဆန်စေမှာဖြစ်ပါတယ်။ OPPO A17 မှာဆိုရင် Storage အနေနဲ့ 64GB ROM နဲ့ 4GB RAM တို့ပါဝင်ပြီး RAM 4GB အထိ တိုးချဲ့နိုင်တဲ့ Extended RAM လုပ်ဆောင်ချက်လဲ ပါဝင်တာမို့ App အများကြီးသုံးလို့ အဆင်မပြေတာတွေကို ဖြေရှင်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။

OPPO A Series အသစ် OPPO A17 နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Website https://bit.ly/3hKktef နဲ့ OPPO Myanmar ၏ Facebook Page https://bit.ly/3PZLh6Y တို့မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

Press Release – OPPO