OPPO က A3 ကို ကြေညာလိုက်ပြီး တန်ဖိုးနည်း 5G ဖုန်း ဖြစ်ပါတယ်။ 6.7” OLED FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Display ကို Gorilla Glass 7i နဲ့ ကာကွယ်ထားပြီး 1,200 Nits Brightness ထောက်ပံ့ထားပါတယ်။

Oppo A3 unveiled, an affordable 5G phone with a 6.7" 120Hz OLED display and Snapdragon  695 - GSMArena.com news

Snapdragon 695 Chip မောင်းနှင်ထားပြီး 8/12GB LPDDR4X RAM နဲ့ 256/512GB UFS 2.2 Storage ပါပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

Oppo A3 unveiled, an affordable 5G phone with a 6.7" 120Hz OLED display and Snapdragon  695 - GSMArena.com news

အနောက်ဘက်မှာ 50MP နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာပြီး အရှေ့ ကင်မရာက 8MP ဖြစ်ပါတယ်။ အရှေ့ ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။ 45W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

8/256GB ကို  ၁,၆၀၀ ယွမ် (၂၂၀ ဒေါ်လာ)၊ 12/256GB ကို ၁,၈၀၀ ယွမ်နဲ့ 12/512GB ကို ၂,၁၀၀ ယွမ် သတ်မှတ်ထားပါတယ်။ Green , Black နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပြီး ဇူလိုင်လ ၅ ရက်နေ့ တရုတ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena