[Unicode]

ကုဒ်နာမည် CPH2015 နဲ့ OPPO စမတ်ဖုန်းတစ်မျိုးဟာ နိုင်ငံအတော်များများမှာ Certified ရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဈေးကွက်နေရာတွေကိုလိုက်ပြီး အနည်းငယ်ကွဲပြားမှုလည်း ရှိမယ်လို့ ဆိုပါတယ်။ အခုထိ သိနိုင်တာကတော့ နာမည်ကွဲပြားခြင်းမျိုးဖြစ်ပြီး အတွင်းအစိတ်အပိုင်းတွေကတော့ သိသိသာသာကွဲပြားသွားဖွယ်မရှိပါဘူး။

အိန္ဒိယဈေးကွက်မှာတော့ OPPO A31 လို့နာမည်ပေးထားပါတယ်။ အင်ဒိုနီးရှားဈေးကွက်အတွက်တော့ OPPO Reno S ဆိုတဲ့အမည်နဲ့ ထွက်လာမယ်လို့ သိရပါတယ်။ Bluetooth SIG ဟာ ဒီဟန်းဆက်အတွက် အတည်ပြုချက်ပေးခဲ့ပြီး အဓိကအစိတ်အပိုင်းနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။

OPPO A31 ရော OPPO Reno S နှစ်မျိုးစလုံးဟာ 6.5-inch HD+ resolution မျက်နှာပြင်နဲ့ ဖြစ်ကြပါတယ်။ MediaTek 2GHz ပရိုဆက်ဆာနဲ့ဖြစ်ပြီး ဘက်ထရီပမာဏကလည်း 4230mAh ပမာဏ ဖြစ်ပါတယ်။ ColorOS 6.1.2 မောင်းနှင်ထားတာလည်းတွေ့ရတာကြောင့် ဈေးကွက်ထဲကိုပို့ချိန်မှာ Android Pie နဲ့ဖြစ်လို့ ColorOS7 update တော့ စောင့်ရမှာ ဖြစ်ပါတယ်။

FCC listing အရဆိုရင်တော့ ဒီဟန်းဆက်တွေဟာ Waterdrop notch ကိုယ်စီနဲ့ဖြစ်ပါလိမ့်မယ်။ ဈေးနှုန်းချိုသာတဲ့ အမျိုးအစားဖြစ်ပေမယ့် USB-C port လည်း တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ 3.5mm audio jack လည်း ပါဝင်မှာပါ။ အဒီဟန်းဆက်ကို အရှေ့ရောအနောက်ပါ ဖန်သားနဲ့ထုတ်လုပ်ပေးထားမယ်လို့ သတင်းထွက်နေပေမယ့် တကယ်ဖြစ်လာမယ်လို့ တပ်အပ်ပြောလို့မရသေးဘဲ စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena

[Zawgyi]

ႏိုင္ငံအေတာ္မ်ားမ်ားမွာ Certified ရေနၿပီျဖစ္တဲ့ OPPO A31

ကုဒ္နာမည္ CPH2015 နဲ႔ OPPO စမတ္ဖုန္းတစ္မ်ိဳးဟာ ႏိုင္ငံအေတာ္မ်ားမ်ားမွာ Certified ရခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ေဈးကြက္ေနရာေတြကိုလိုက္ၿပီး အနည္းငယ္ကြဲျပားမႈလည္း ရွိမယ္လို႔ ဆိုပါတယ္။ အခုထိ သိႏိုင္တာကေတာ့ နာမည္ကြဲျပားျခင္းမ်ိဳးျဖစ္ၿပီး အတြင္းအစိတ္အပိုင္းေတြကေတာ့ သိသိသာသာကြဲျပားသြားဖြယ္မရွိပါဘူး။

အိႏၵိယေဈးကြက္မွာေတာ့ OPPO A31 လို႔နာမည္ေပးထားပါတယ္။ အင္ဒိုနီးရွားေဈးကြက္အတြက္ေတာ့ OPPO Reno S ဆိုတဲ့အမည္နဲ႔ ထြက္လာမယ္လို႔ သိရပါတယ္။ Bluetooth SIG ဟာ ဒီဟန္းဆက္အတြက္ အတည္ျပဳခ်က္ေပးခဲ့ၿပီး အဓိကအစိတ္အပိုင္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္အခ်ိဳ႕ကိုလည္း ထုတ္ေဖာ္ခဲ့ပါတယ္။

OPPO A31 ေရာ OPPO Reno S ႏွစ္မ်ိဳးစလုံးဟာ 6.5-inch HD+ resolution မ်က္ႏွာျပင္နဲ႔ ျဖစ္ၾကပါတယ္။ MediaTek 2GHz ပ႐ိုဆက္ဆာနဲ႔ျဖစ္ၿပီး ဘက္ထရီပမာဏကလည္း 4230mAh ပမာဏ ျဖစ္ပါတယ္။ ColorOS 6.1.2 ေမာင္းႏွင္ထားတာလည္းေတြ႕ရတာေၾကာင့္ ေဈးကြက္ထဲကိုပို႔ခ်ိန္မွာ Android Pie နဲ႔ျဖစ္လို႔ ColorOS7 update ေတာ့ ေစာင့္ရမွာ ျဖစ္ပါတယ္။

FCC listing အရဆိုရင္ေတာ့ ဒီဟန္းဆက္ေတြဟာ Waterdrop notch ကိုယ္စီနဲ႔ျဖစ္ပါလိမ့္မယ္။ ေဈးႏႈန္းခ်ိဳသာတဲ့ အမ်ိဳးအစားျဖစ္ေပမယ့္ USB-C port လည္း တပ္ဆင္ေပးထားမွာျဖစ္ပါတယ္။ 3.5mm audio jack လည္း ပါဝင္မွာပါ။ အဒီဟန္းဆက္ကို အေရွ႕ေရာအေနာက္ပါ ဖန္သားနဲ႔ထုတ္လုပ္ေပးထားမယ္လို႔ သတင္းထြက္ေနေပမယ့္ တကယ္ျဖစ္လာမယ္လို႔ တပ္အပ္ေျပာလို႔မရေသးဘဲ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena