Quest Mobile က တရုတ်မှာ ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်း ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖုန်း ၄ လုံး စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ကွာတားမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း က တန်ဖိုးနည်း OPPO A32 ဖြစ်ပြီး အလုံးရေ ၉ သန်းကျော် ရောင်းချထားခဲ့ရပါတယ်။

Top-4 best selling smartphones in China for Q4 2020 (Quest Mobile)

အဲဒီ စမတ်ဖုန်းကို စက်တင်ဘာလက တရုတ်မှာ ၁,၁၉၉ ယွမ်နဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပြီး မြန်မာငွေ ၂ သိန်းခွဲလောက်ကျသင့်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ 90Hz Refresh Rate နဲ့ IPS LCD ထောက်ပံ့ထားပြီး Snapdragon 460 Chipset မောင်းနှင်ထားပါတယ်။ ဘက်ထရီက 5,000mAh ဖြစ်ပါတယ်။

مواصفات وسعر جوال Oppo A32 وأهم مميزاته بالكامل - مواصفات برو

နံပါတ် ၂ ရောင်းအား အကောင်းဆုံးက Apple iPhone 12 ဖြစ်ပြီး အလုံးရေ ၆.၁၈ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ iPhone 12 Pro ကတော့ နိုင်ငံတကာမှာ ရောင်းအား အကောင်းဆုံး ဖြစ်ပြီး အလုံးရေ ၈၂ သန်း ရောင်းချခဲ့ရပါတယ်။ တရုတ်မှာ နံပါတ် ၃ ရောင်းအား အကောင်းဆုံးက Vivo X30 Pro 5G ဖြစ်ပြီး အလုံးရေ ၅.၆ သန်း  ရောင်းချနိုင်ခဲ့ပါတယ်။

Huawei Mate 40 Pro က နံပါတ် ၄ နေရာကို သိမ်းပိုက်ထားပြီး အလုံးရေ ၄.၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းကို တရုတ်က နာမည်ကြီး အွန်လိုင်းစတိုးဆိုင်များစွာ ကနေ ရောင်းချပေးခဲ့တာပါ။

Ref : gsmarena