OPPO က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ OPPO A55s ကို ကြေညာခဲ့ပြီး အခုတော့ A55s 5G ကို ချပြလိုက်ပါတယ်။ OPPO A55s 5G မှာ ၆.၅ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch ပါလာပါတယ်။ HD+ Resolution ရှိပြီး 60Hz Refresh Rate နဲ့ 60Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ 480nits Brightness ထည့်သွင်းထားပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Dimensity 700 Chipset မောင်းနှင်ထားပြီး 6GB/8GB RAM ပါပါတယ်။ 128GB Internal Storage ထည့်ထားပြီး microSD Card Slot တပ်ဆင်ထားပါတယ်။ Android 11 OS အခြေပြု ColorOS 11.1 မောင်းနှင်ထားပြီး 10W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။

OPPO A55s 5G ရဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 13MP Main , 2MP Depth , 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

OPPO A55s 5G ရဲ့ 6GB RAM/128GB Storage ကို ၁,၀၉၉ ယွမ်နဲ့ 8GB RAM/128GB Storage ကို ၁,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃၂၀,၀၀၀ နဲ့ ၃၅၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး Brisk Blue, Rhythm Black နဲ့ Temperament Gold အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina