OPPO A57 5G ကို တရုတ်မှာ ကြေညာလိုက်ပြီး Dimensity 810 ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ OPPO A57 5G မှာ ၆.၅၆ လက်မ IPS LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထည့်သွင်းထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပြီး အနောက်ဘက်မှာ 13MP Main နဲ့ 2MP Portrait ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

OPPO A57 5G

OPPO A57 5G မှာ Dimensity 810 Chipset မောင်းနှင်ထားပြီး 6GB/ 8GB LPDDR4X RAM ထည့်သွင်းထားပါတယ်။ 6GB RAM Version မှာ 128GB UFS 2.1 Storage နဲ့ 8GB RAM Version မှာ 128GB UFS 2.2 Storage ပါလာပါတယ်။

Oppo A57 5G Price 2022 & Full Specifications

10W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ ဒါ့အပြင် Face Unlock ထည့်သွင်းထားပြီး ဆက်သွယ်မှု အပိုင်းမှာ Dual SIM Support, 5G, Wi-Fi 802.11ac, Bluetooth 5.0, GPS, a USB-C Port နဲ့ 3.5mm Audio Jack တွေ ပါလာပါတယ်။

Android 12 OS အခြေပြု ColorOS 12.1 မောင်းနှင်ထားပြီး 8GB + 128GB Version ကို ၁,၄၉၉ ယွမ် သတ်မှတ်ထားကာ မြန်မာငွေ ၄၃၀,၀၀၀ ဝန်းကျင်ကျသင့်မှာပါ။ 6GB + 128GB Version ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ Quiet Night (Black), Lilac နဲ့ Dark Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina