ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ အသံအရည်အသွေးတွင် ကောင်းမွန်ပြီး အားသွင်းမြန်ဆန်ကာ OPPO Glowing Design နဲ့ ထွက်ရှိလာသည့် OPPO A Series အသစ် OPPO A57 ကို မြန်မာတစ်နိုင်ငံလုံးတွင် ကျပ်ငွေ ၄၃၉,၉၀၀ ဖြင့် ဝယ်ယူရရှိနိုင်နေပြီဖြစ်ပြီး Glowing Green နှင့် Glowing Black ဟူ၍ အရောင် နှစ်ရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

OPPO A Series အသစ်ဖြစ်သော OPPO A57 တွင် ပိုမိုအသုံးခံသည့် ကြီးမားသော ဘက်ထရီ 5000 mAh ပါဝင်မည် ဖြစ်ပြီး အဆိုပါ ကြီးမားသော ဘက်ထရီကို နာရီဝက်အတွင်း ၅၀ ရာခိုင်နှုန်းအထိ လျင်မြန်စွာ အမြန်အားသွင်း ပေးနိုင်သည့် အမြန်အားသွင်းစနစ် 33W SUPERVOOC ပါဝင်လာမည်ဖြစ်သည်။ OPPO A57 တွင် လုံလောက်ပြီး ကြာရှည်ခံသော ဘက်ထရီနဲ့ အမြန်အားသွင်းစနစ်ပါဝင်မှုကြောင့် အချိန်ပေး အားသွင်းရန်အခက်အခဲရှိသူများအနေဖြင့် အားခဏသွင်းထားရုံဖြင့် တစ်နေ့တာအတွက် လိုအပ်သော အားပမာဏကို ရရှိမည်ဖြစ်သည်။

Best Audio-Visual Partner ဖုန်းတစ်လုံးဖြစ်လာမည့် OPPO A57 တွင် ရုပ်ရှင်၊ သီချင်း၊ ဗီဒီယိုများကို အသံအရည်အသွေး ကောင်းမွန်နှစ်ခြိုက်ခံစားလိုသူများအတွက် အသံ နှစ်ဆ၊ အတွေ့အကြုံ နှစ်ဆ အပြည့်အစုံ ပေးစွမ်းမည့် Speaker ၂ လုံး ပါဝင်သော Ultra-linear Stereo Speaker ထည့်သွင်းပေးထားသည်။ ကောင်းမွန်သော အသံအရည်အသွေးများကို အသေးစိတ် ခံစားရရှိနိုင်ဖို့ Ultra Volume Mode ကို အသုံးပြုကာ Extra volume 200% အထိ ပြတ်သားရှင်းလင်းစွာ ကြားနိုင်မည်ဖြစ်ပြီး OPPO A57 ဖုန်းကို သွားလေရာ ယူဆောင်သွားနိုင်သော Speaker အသေးစားအဖြစ် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

OPPO A57 ကို ပါးလွှာပေါ့ပါးသော Straight Middle Frame Design ဖြင့် ပြုလုပ်ထားပြီး Screen Size 6.56 Inches Colour-Rich Display၊ အထူ 7.99 mm နှင့် အလေးချိန် 187 g သာရှိကာ Glowing Green နှင့် Glowing Black ဟူ၍ အရောင် နှစ်ရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ OPPO A57 ကို Premium ဆန်ဆန် ကျစ်လစ်သော ကိုယ်ထည်ဖြင့် လေးထောင့်ကျ‌သော ဘေးဘောင်ဒီဇိုင်းကို အသုံးပြုထားသည့်အပြင် နေ့စဥ်ဘဝတွင် အသုံးပြုရာ၌ အကြမ်းခံမှုရှိစေရန် ခြစ်ရာဒဏ်ခံနိုင်ရည်ရှိပြီး လက်‌ဗွေရာ ထင်ကျန်ခြင်း မရှိသော OPPO Glow Design ကို အသုံးပြု ထုတ်လုပ်ထားသည့်အတွက် ဖုန်းကာဗာတပ်စရာ မလိုဘဲ ဖုန်း၏ အလှကို အပြည့်အဝ ခံစားအသုံးပြုနိုင်မည်ဖြစ်သည်။ OPPO F21 Pro တွင် အသုံးပြုထားသည့် Premium ဆန်ဆန် Glowing Design ကို OPPO A57 Glowing Black တွင် ထိတွေ့ခံစားနိုင်မည်ဖြစ်ပြီး OPPO A57 Glowing Green အရောင်သည် ယနေ့ခေတ်ကာလတွင် ရေပန်းစားနေသည့် အရောင်များထဲမှ တစ်ခုဖြစ်ကာ ကွဲပြားခြားနား လှပသော အရောင်တစ်ခုဖြစ်သည်။

OPPO A57 တွင် RAM 4 GB နှင့် ROM 64 GB ပါဝင်မည်ဖြစ်ပြီး RAM Expansion နည်းပညာ ထည့်သွင်း ထားသည့်အတွက် နောက်ထပ် RAM 4GB သို့ ထပ်မံတိုးချဲ့နိုင်မည်ဖြစ်ကာ App များစွာကို တစ်ပြိုက်တည်း အသုံးပြုသည့်အခါ ထစ်ခြင်း၊ Lag ခြင်း မရှိဘဲ အဆင်ပြေပြေ အသုံးပြုနိုင်မည်ဖြစ်သည်။ ROM ကိုလည်း အများဆုံး 1TB အထိ SD Card စိုက်ကာ ချဲ့ထွင်နိုင်သည့်အတွက် အမှတ်တရ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ App များ၊ Game များကို စိတ်တိုင်းကျ သိမ်းဆည်းနိုင်မည် ဖြစ်သည်။

OPPO A57 တွင် ဖုန်းအသုံးပြုမှုများပြားသူများအတွက် မျက်စိကို ကာကွယ်နိုင်ရန် မရှိမဖြစ်လိုအပ်သော Eye-care Sunlight Screen ပါရှိပြီး ဖုန်းမျက်နှာပြင်သည် နေရောင်အောက်တွင် ကြည်လင်ကာ ညဘက်တွင် မျက်စိကို ကာကွယ်ပေးနိုင်မည်ဖြစ်ကာ မျက်စိကို ကာကွယ်ရန်အတွက် အပြာရောင်အလင်းတန်းများကို စစ်ထုတ်ပေးနိုင်သော Eye-care Mode ပါရှိသည်။ ထို့အပြင် OPPO A57 ကို ဖုန်းသုံးစွဲမှု အတွေ့အကြုံကောင်းများ ရရှိနိုင်စေရန်အတွက် Android 12 ကို အခြေခံထားသည့် ColorOS 12.1 ကို အသုံးပြုထားပြီး MediaTek Helio G35 (12nm) Processor ကို ထည့်သွင်းပေးထားသည်။ 13MP Main Camera၊ Depth Camera 2MP Camera နှင့် 8MP Selfie Camera ပါရှိပြီး Front Camera နဲ့ Main Camera နှစ်ခုလုံးသည် ဓာတ်ပုံများကို ရုပ်ထွက်လှပစေမည်ဖြစ်ကာ ညအချိန်တွင် ရုပ်ထွက် ကြည်လင်ကောင်းမွန်စေရန် အလင်းဖြည့်ပေးမည့် 360° Fill Light ပါဝင်သည့်အတွက် ညဘက် ရိုက်ကူးသော မိမိ ဓာတ်ပုံများကို ပိုမိလင်းလက်လှပအောင် စွမ်းဆောင်ပေးနိုင်သည်။ ထို့ကြောင့် အလင်းမှိန်သော ပတ်ဝန်းကျင်တွင် ရိုက်ကူးလျှင်ပင် ကြည်လင်ပြတ်သားသော Night Selfie ကို ရရှိစေမည်ဖြစ်သည်။

အသံအရည်အသွေးတွင် Best Audio-Visual Partner ဖုန်းတစ်လုံးကဲ့သို့ ကောင်းမွန်ပြီး အားသွင်းမြန်ဆန်စေသော နည်းပညာပါဝင်လာကာ မြန်ဆန်တဲ့ လုပ်ဆောင်မှုကို ပိုင်ဆိုင်စေနိုင်မည့် RAM Expansion နည်းပညာ ထည့်သွင်းထားသည့်အပြင် ပါးလွှာပေါ့ပါးပြီး OPPO Glowing Design ဖြင့် ထုတ်လုပ်ထားသော OPPO A57 ကို ယခု မြန်မာနိုင်ငံဈေးကွက်အတွင်း Glowing Green နှင့် Glowing Black ဟူ၍ အရောင် နှစ်ရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်နေပြီဖြစ်သည်။ OPPO A57 နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက OPPO Myanmar ၏ Facebook Page https://bit.ly/3cYslFW နှင့် OPPO A57 Website https://www.oppo.com/mm/smartphones/series-a/a57/ တွင် ဝင်ရောက်လေ့လာနိုင်သည်။

Press Release – OPPO