OPPO A60 ကို ဗီယက်နမ်မှာ ကြေညာလိုက်ပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်း တခြား နိုင်ငံတွေမှာ ကြေညာတော့မှာပါ။

Oppo A60 is now official with Snapdragon 680 SoC, 50 MP main camera -  GSMArena.com news

OPPO A60 ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထုတ် A59 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ A59 မှာ 5G ပါလာပေမယ့် A60 မှာ မပါလာပါဘူး။ ၂၀၂၃ ခုနှစ် ဇူလိုင်လထုတ် A58 4G ရဲ့ မျိုးဆက်သစ်လို့ ပြောရင် ပိုမှန်ပါတယ်။

Oppo A60 is now official with Snapdragon 680 SoC, 50 MP main camera

OPPO A60 မှာ 6.67” 720x1604p 90Hz LCD Display တပ်ဆင်ထားပြီး 950 Nits Peak Brightness နဲ့ 240Hz Sampling Rate ထောက်ပံ့ထားပါတယ်။ Snapdragon 680 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB UFS 2.2 Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ 45W SuperVOOC Charging ပါတဲ့ 5,000mAh Battery ပါပါတယ်။

Android 14 အခြေပြု ColorOS 14.0.1 မောင်းနှင်ထားပြီး နားကြပ်ပေါက် ပါပါတယ်။ အရွယ်အစား အပြည့်အစုံက 165.71 x 76.02 x 7.68 mm ဖြစ်ပြီး အလေးချိန်က ၁၈၆ ဂရမ် ဖြစ်ပါတယ်။ ဗီယက်နမ်မှာ 128GB Storage Version ကို ၅,၄၉၀,၀၀၀ ဒေါင် နဲ့ 256GB Version ကို ၆,၄၉၀,၀၀၀ ဒေါင် သတ်မှတ်ထားပြီး ၂၁၆ ဒေါ်လာနဲ့ ၂၅၆ ဒေါ်လာ အသီးသီး ကျသင့်ပါတယ်။ တခြား နိုင်ငံတွေမှာ ဈေးနှုန်း ကွာခြားနိုင်ပါတယ်။

Ref : gsmarena