OPPO ကနေ အခုအချိန်မှာနောက်ထပ် 4G Entry Level ဖုန်းတစ်လုံးဖြစ်တဲ့ OPPO A76 စမတ်ဖုန်းကို Malaysia နိုင်ငံမှာ ပထမဆုံးအနေနဲ့ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OPPO A76 စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ $215 (မြန်မာငွေ ၄ သိန်းကျော်) ကနေ စတင်မှာဖြစ်ပြီး Glowing Black သို့မဟုတ် Glowing Blue ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

OPPO A76 ဟာ Performance ပိုင်းမှာ Qualcomm Snapdragon 680 Chipset ကို အသုံးပြုထားပြီး 6nm Architecture ကို အခြေခံထားတာဖြစ်တဲ့အတွက် ယခင် Snapdragon 662 ၊ 665 Chipset တွေကနေ အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။ GPU အနေနဲ့ Adreno 610 GPU ပါဝင်ပြီးတော့ 5G Modem တော့ပါဝင်မှာမဟုတ်ဘဲ Cat. 13 LTE Modem ပဲ ထည့်သွင်းထားပါတယ်။ နောက်ပိုင်းမှာတော့ OPPO ကနေ A76 5G Version ကို ထပ်မံမိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။

Display အနေနဲ့ကတော့ 6.56″ HD+ Display ကိုမှ 90Hz Refresh Rate ပါဝင်မှာဖြစ်ပြီး 8MP Selfie Camera ကို Punch-hole အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ Back Camera Setup အနေနဲ့ကတော့ 13MP + 2MP Depth Sensor ပါဝင်တဲ့ Dual Camera Setup ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

RAM အနေနဲ့ကတော့ 6GB RAM ပါဝင်ပြီး Storage ကနေနောက်ထပ် 5GB အထိ ထပ်မံတိုးချဲ့နိုင်မယ့် Virtual RAM Expansion Feature ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 128GB Version ပဲ ထွက်ရှိထားတာဖြစ်ပြီး MicroSD Card Slot ပါဝင်မှာမဟုတ်ပါဘူး။

Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 33W Fast Charging လည်းပါဝင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Malaysia နိုင်ငံမှာပဲ ဝယ်ယူနိုင်သေးပေမယ့် မကြာခင်မှာ တခြားသောနိုင်ငံတွေမှာလည်း တရားဝင်မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena