OPPO ကနေ အခုဆိုရင် A Series ဖုန်းအသစ်ဖြစ်တဲ့ A76 ဖုန်းကို မြန်မာနိုင်ငံစျေးကွက်အတွင်းမှာ ရောင်းချနေပြီဖြစ်ပါတယ်။ အခု OPPO A76 ဖုန်းဟာ ယခင် A Series တွေနဲ့ မတူညီဘဲ OPPO ရဲ့ High End Feature တစ်ခုလို့ ပြောနိုင်တဲ့ 33W SUPERVOOC Fast Charging နည်းပညာတွေကိုပါ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ ဖုန်းတစ်လုံးမှာ အရေးပါတဲ့ Appearance လို့ ပြောနိုင်တဲ့ ပြင်ပမျက်နှာပြင်ဒီဇိုင်းပိုင်းနဲ့ နေ့စဥ်အသုံးပြုမှုတွေမှာ မဖြစ်မနေ အရေးပါတဲ့ Performance ပိုင်းမှာလည်း ထပ်တူကောင်းမွန်နေအောင် OPPO ကနေ A76 ဖုန်းမှာ ဘယ်လိုမျိုးဖန်တီးပေးထားသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံး OPPO A76 ကို ကိုင်ကြည့်လိုက်တာနဲ့ Simple & Elegant ဖြစ်နေမယ့် Design နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ OPPO ကတော့ အဆိုပါ Design ကို Glowing Design လို့ ခေါ်ဆိုထားပြီး Glowing Black နဲ့ Glowing Blue ဆိုပြီး အရောင် ၂ မျိုးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ပြီးတော့ ဖုန်းကို ကိုင်ထားတဲ့အချိန်မှာ အဆင်ပြေစေဖို့အတွက်လည်း OPPO A76 ရဲ့ ဖုန်းအထူက 8.39mm ပဲ ရှိနေပြီးတော့ အလေးချိန်ကလည်း 189g ပဲ လေးမှာဖြစ်ပါတယ်။

ဒါကြောင့် 6.56” Color-rich Punch-hole Display နဲ့ 5000mAh Battery ပါဝင်တဲ့ ဖုန်းတစ်လုံးအနေနဲ့ ကိုင်သုံးလို့ သင့်တော်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ အနောက်ဖက်ဒီဇိုင်းကိုလည်း Curved ပြုလုပ်ထားတာကြောင့် လက်ထဲကိုင်ထားတဲ့အချိန်မှာ သက်သောင့်သက်သာဖြစ်စေမှာပါ။

နောက်ပြီး အနောက်ဖက်ဒီဇိုင်းကိုလည်း IPX4 ရေစိုခံမှုနဲ့ IP5X ဖုန်မှုန့်ဒဏ်ခံစမ်းသပ်မှုကို အောင်မြင်ထားတဲ့အတွက် လက်ဗွေရာ မထင်စေဘဲ ဖုန်ဒဏ်၊ ချွေးစိုဒဏ်၊ ရေစိုဒဏ် ခံနိုင်သော Texture ဖြင့် ပြုလုပ်ထားပါတယ်။

ဒါကြောင့် OPPO A76 ဟာ အခုလိုမျိုး ပူအိုက် ချွေးစို ဖုန်ထတဲ့ ရာသီဥတုမျိုးနဲ့ အဆင်ပြေစေမယ့် ဖုန်းတစ်လုံးလို့ ပြောလို့ရနိုင်ပါတယ်။

ဒီလိုမျိုး ဖုန်းကို ကိုင်သုံးတဲ့အချိန်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Display ပိုင်းမှာလည်း OPPO A76 ဖုန်းဟာ အဆင့်တစ်ခုမှာရှိနေတယ်လို့ ပြောနိုင်ပါတယ်။

6.56” HD+ Display ကိုမှာ Brightness က နေရောင်အောက်မှာ 600 Nits အထိ ထုတ်ပေးနိုင်တာကြောင့် အပြင်ရောက်နေလည်း ဖုန်း Screen ကို ပုံမှန်အတိုင်း အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

Color Accuracy ပိုင်းမှာလည်း 100% DCI-P3 Color Gamut ကို ထောက်ပံ့ထားတဲ့အတွက် ရုပ်ရှင်ကြည့်တဲ့အချိန်တွေ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို Edit ပြုလုပ်တဲ့အချိန်မှာ Color မမှန်မှာကို လုံးဝ စိတ်ပူစရာမလိုတော့ပါဘူး။

နောက်ထပ် Display ပိုင်းမှာ OPPO ကနေ အားရဖို့ကောင်းအောင်ထည့်သွင်းပေးထားတဲ့အချက်ကတော့ 90Hz Refresh Rate ကို ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။

ဒီလိုမျိုး High Refresh Rate ကို Support ပြုလုပ်တာကြောင့် ဖုန်း Screen ကို ပုံမှန်အတိုင်းပွတ်နေတာကနေစပြီး Facebook ၊ Instagram Newsfeed ကို သုံးတဲ့အချိန်တွေ၊ ဂိမ်းဆော့တဲ့အချိန်မှာ ပိုပြီး Smooth ဖြစ်နေစေမှာဖြစ်ပါတယ်။

နောက်ထပ် Gamer တွေအတွက်လည်း Touch Sampling Rate ကို 180Hz အထိ ထောက်ပံ့ပေးထားနိုင်တာကြောင့် ဂိမ်းဆော့နေတဲ့အချိန်မှာ Latency အလွန်နည်းပါးနေမှာပါ။

နောက်ဆုံး ဖုန်းကိုအသုံးပြုတဲ့အချိန်မှာ အရေးကြီးတဲ့ Performance ပိုင်းအတွက်လည်း OPPO A76 ဖုန်းမှာ Qualcomm ရဲ့ Snapdragon 680 Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။

ဒီလိုမျိုး Snapdragon 680 Processor ကို 6nm Architecture နဲ့ အသုံးပြုထားတာကြောင့် Flagship Processor တစ်ခုလိုမျိုး Efficiency ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဒါကိုမှ 5000mAh Battery ၊ HD+ Display တွေနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ OPPO A76 ဖုန်းဟာ အနည်းဆုံး ၂ ရက်ဆက်တိုက်အား ပြန်သွင်းစရာ မလိုတဲ့ ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

ဒီလိုမျိုး Battery Life ဟာ အခုလိုမျိုး လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတဲ့အချိန်တွေအတွက် အလွန်သင့်တော်သလို ခရီးသွားမယ်ဆိုရင်လည်း တခြားဖုန်းတွေထက် အဆင်ပြေမှာဖြစ်ပါတယ်။ ပြန်အားသွင်းတဲ့အချိန်မှာလည်း 33W SUPERVOOC Fast Charging နဲ့ဆိုတော့ 0-100% ပြည့်ဖို့ကလည်း ၇၁ မိနစ်ပဲ အချိန်ပေးရမှာပါ။

Architecture ပိုင်းအရ အဆင့်မြှင့်မားတဲ့ Snapdragon 680 Processor အပြင် OPPO A76 ဖုန်းမှာ RAM 6GB ၊ 128GB Storage တွေကိုပါ ထည့်သွင်းပေးထားပါတယ်။

ဒီလိုမျိုး များပြားတဲ့ Storage ကို အခုလိုမျိုး A Series ဖုန်းမှာ ထည့်သွင်းပေးထားတဲ့အတွက် အများဆုံး ဓါတ်ပုံ ၅၂,၀၀၀ ၊ Application ပေါင်း ၁,၅၀၀ နဲ့ ဗီဒီယိုပေါင်း ၃၅၀ လောက်အထိ ထည့်ထားနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် OPPO A76 မှာ ထူးခြားချက်တစ်ခုကတော့ RAM 6GB အပြင် Storage ထဲကနေ နောက်ထပ် Virtual RAM အနေနဲ့ ယူသုံးနိုင်တဲ့ RAM Expansion နည်းပညာကိုပါ ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။

ဒီ RAM Expansion Feature ကို အသုံးချပြီး ပါဝင်တဲ့ RAM 6GB အပြင် နောက်ထပ် RAM 5GB ထပ်တိုးနိုင်တာကြောင့် စုစုပေါင်း RAM 11GB အထိ သုံးနိုင်သလိုဖြစ်နေမှာပါ။

ဒီအချက်က Gamer တွေနဲ့ Multitasking ပြုလုပ်နေတဲ့သူတွေ၊ ဖုန်းမှာ Application တွေအများကြီးကို တစ်ချိန်တည်းဖွင့်ထားတတ်တဲ့သူတွေအတွက် လုံးဝ အကြိုက်ဖြစ်နေမှာသေချာပါတယ်။

ဒီလိုမျိုး ဖုန်းတစ်လုံးမှာ အရေးကြီးတဲ့ Appearance ပိုင်းနဲ့ Performance ပိုင်းကို မျှမျှတတနဲ့ အားသာနေအောင် ထုတ်လုပ်ထားနိုင်တဲ့ OPPO A76 ဖုန်းဟာ Overall အနေနဲ့ အဆင်ပြေပြေသုံးချင်တဲ့သူတွေအတွက် သင့်တော်တဲ့ ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

OPPO A76 ကို ၄၇၉,၉၀၀ ကျပ်နဲ့ အမြို့မြို့အနယ်နယ်ရှိ OPPO ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ၂၉ရက် မတ်လ ၂၀၂၂ မှ ၂၉ရက် မတ်လ ၂၀၂၃ အထိ တစ်နှစ်တာကာလအတွင်း ဝယ်ယူအားပေးသော Customer တွေကိုလည်း MPT Top up တစ်လကို အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းပါက 1GB + 50 Min (On Net) ကို တစ်လတစ်ကြိမ် ခံစားခွင့် ရရှိမှာဖြစ်ပြီး ခြောက်လအထိ (ခြောက်ကြိမ်) အကျိုးခံစားခွင့် ရရှိမှာဖြစ်သလို ဘေးတစောင်းလွယ်အိတ်တွေကိုလည်း မေတ္တာလက်ဆောင်အနေဖြင့် OPPO ကနေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ယခု OPPO A76 ဖုန်းဟာ ယခင် OPPO A Series ဖုန်းတွေထက် အများကြီးပိုအဆင့်မြှင့်တင်လာတာဖြစ်တဲ့အတွက်  အားရဖို့ကောင်းတဲ့ဖုန်းတစ်လုံးအဖြစ်သတ်မှတ်ရမှာပါ။