OPPO A92 ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်နေပါတယ်။ အဲဒီဖုန်းကို  အင်ဒိုနီးရှား စတိုး ၁ ခုမှာ စာရင်းတင်ထားပြီး Specs အပြည့်အစုံနဲ့ ဈေးနှုန်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းကို ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး Lazada က Wireless Earphones တွေကိုပါ လက်ဆောင်ပေးနေပါတယ်။

အင်ဒိုနီးရှားမှာ ၂၄၅ ယူရိုလောက်နဲ့ ရောင်းပေးနေပြီး မြန်မာငွေ ၃ သိန်း ၈ သောင်းလောက်ရှိပါတယ်။ အဲဒီဖုန်းမှာ ၆.၅ လက်မ IPS 1080x2400p မျက်နှာပြင်ပါလာပြီး Snapdragon 665 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။

16MP Punch Hole ကင်မရာကို မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်နားမှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ထားပြီး 18W Fast Charging ပါလာပါတယ်။ Android 10 အခြေပြု ColorOS 7.1 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ Twilight Black, Aurora Purple နဲ့ Shining White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

OPPO A92 ရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ မကြာခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရမှာပါ။

Ref : gsmarena