စမတ်ဖုန်းတွေကို အခုခေတ်မှာ လူတိုင်းက ပုံစံမျိုးစုံနဲ့ အသုံးချနေကြပြီး မရှိမဖြစ်အရေးပါတဲ့ ပစ္စည်းတစ်ခုအနေနဲ့ နေရာယူထားပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သုံးနေတဲ့ဖုန်းက ပျက်သွားလို့၊ ဒါမှမဟုတ် ဟောင်းသွားလို့ အသစ်ဝယ်ချင်တယ်ဆိုရင် ဘယ်လိုအချက်တွေကို ကြည့်ပြီးဖုန်းတစ်လုံးကို ရွေးချယ်မလဲဆိုတာက အရေးကြီးလာပါတယ်။

အဲ့ဒီနေရာမှာ အများစုကတော့ စျေးသက်သာပြီး စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတွေကို ရွေးချယ်တတ်ကြပေမယ့် တကယ်လို့ ကိုယ်က ပုံမှန်ဖုန်းကို Facebook လိုမျိုး Social Media ပဲသုံးမယ်၊ YouTube Video တွေရုပ်ရှင်တွေ ကြည့်ဖြစ်မယ်ဆိုရင် စွမ်းဆောင်ရည်အရမ်းကောင်းနေတဲ့ဖုန်းတွေထက် Multimedia ပိုင်းမှာအားသာတဲ့ဖုန်းတွေက ပိုပြီးအဆင်ပြေမှာပါ။ ဘယ်လိုမျိုးလဲဆိုရင် ဖုန်းကို အဓိကသုံးဖြစ်နေမယ့် Display ပိုင်း၊ နောက်ပြီး ရုပ်ရှင်တွေ၊ သီချင်းတွေအတွက် ပိုပြီးအဆင်ပြေတဲ့ Stereo Speaker Setup မျိုးပါတဲ့ဖုန်းတွေကို ရွေးချယ်လိုက်တာပါ။

ဥပမာပြောရမယ်ဆိုရင် စျေးကွက်ထဲကို အသစ်ဝင်ရောက်လာတဲ့ OPPO A92 ဖုန်းဆိုရင် Screen Size ကြီးမားတဲ့ 6.5” IPS LCD Display ကိုမှ 90.5% Screen-to-Body Ratio နဲ့ Full HD+ Resolution ကိုသုံးပေးထားတယ်။ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်မဖြစ်စေတဲ့ Punch-hole Neo-Display ကို အသုံးပြုပေးထားတာက အဆင်ပြေတယ်၊ နောက်ထပ်လည်း နေရောင်အောက်မှာသုံးမယ်ဆိုရင် အေးဆေးသုံးနိုင်တဲ့ 480Nit Brightness အထိကိုပေးနိုင်တာမျိုးက Display ပိုင်းမှာ ပိုပြီးအားရဖို့ကောင်းသွားတယ်။

ဒီလိုမျိုး Display ပိုင်းကောင်းတာတင်မဟုတ်သေးဘဲ Audio Quality ပိုင်းကလည်း အခုလောလောဆယ် Flagship ဖုန်းတွေမှာပဲ တွေ့ရတတ်တဲ့ Stereo Speaker Setup ကို သုံးပေးတာမျိုးက ရုပ်ရှင်တွေကြည့်တဲ့အချိန်မှာ ပိုပြီး Immersive ဖြစ်တဲ့ Experience ကိုလည်းပေးနိုင်လိမ့်မယ်။ ပြီးတော့ ဒီ OPPO A92 မှာပါတဲ့ Dirac 2.0 Sound Effect ကလည်း ဖွင့်နေတာက သီချင်းလား၊ ရုပ်ရှင်လား၊ ဂိမ်းတွေလားဆိုတာကို အလိုအလျောက်ခွဲခြားပေးပြီး အကောင်းဆုံးအသံထွက်ကိုထုတ်ပေးသွားတာမျိုးက တော်တော်လေးကို အထင်ကြီးဖို့လည်း ကောင်းပါတယ်။

အခုနောက်ပိုင်းမှာ Facebook ကနေ Watch လိုမျိုး Video Section လုပ်လာတယ်၊ ပြီးတော့ YouTube Video တွေကလည်း ပျင်းဖို့မကောင်းလောက်အောင် အသစ်တွေအများကြီးတက်နေတယ်။ နောက်ပြီး TikTok Video တွေ၊ ရုပ်ရှင် Streaming Service တွေဖြစ်တဲ့ Netflix လိုမျိုးတွေကလည်း သိသိသာသာကို ပိုသုံးလာကြပါတယ်။ အဲ့တော့ ဒီလိုမျိူး Multimedia Experience တွေကို ကောင်းကောင်းရချင်တယ်ဆိုရင် ခုနကပြောခဲ့သလို Display Quality နဲ့ Audio Quality Performance ကို ပိုပြီးဦးစားပေးရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

နောက်ထပ် ဒီ Multimedia ပိုင်းမှာ စဥ်းစားသင့်တဲ့အချက်က ဖုန်းကို အချိန်တစ်ခုအထိ ကိုင်ပြီးသုံးနေမှာဖြစ်တဲ့ Hand Feeling ပိုင်းပါ။ Display Size ကြီးတဲ့ဖုန်းတွေက Multimedia ပိုင်းအတွက် ပိုကောင်းတယ်ဆိုပေမယ့် ကိုင်ထားရတာအရမ်းလေးနေတယ်ဆိုရင်လည်း သုံးရတဲ့ User Experience ပိုင်းကို ထိခိုက်မှာပါ။ ပြီးတော့ ကိုင်ရတဲ့ Hand Feeling နဲ့ ဖုန်းကို အလွယ်တကူ Unlock ပြုလုပ်ဖို့ကလည်း လိုအပ်ပါသေးတယ်။ နောက်ပြီးတော့ Battery အနေနဲ့လည်း ကြာကြာခံဖို့ လိုအပ်ပြီး အားပြန်သွင်းတဲ့အချိန်မှာလည်း မြန်ဆန်ရင်ပိုအဆင်ပြေမှာပါ။

ဒီနေရာမှာလည်း ခုနက OPPO A92 ဟာ 6.5” Display ကိုသုံးထားပေမယ့် 192g နဲ့ 8.9mm ပဲအထူရှိတဲ့အတွက် Display Size နဲ့ယှဥ်ရင် တော်တော်လေးကိုပိုပြီး ပေ့ါပါးတယ်လို့ ပြောရမှာပါ။ နောက်ပြီး OPPO ကနေ ဒီ A92 ရဲ့ နောက်ကျောဘက် Design ကို ထောင့်လေးဖက်စလုံး 3D Quad-Curve Design နဲ့ ပြုလုပ်ထားတဲ့အတွက် Hand Feeling ပိုင်းမှာလည်း သိသိသာသာကိုကောင်းမွန်နေမှာပါ။ နောက်ပြီး Fingerprint Sensor ကိုလည်း ဖုန်းရဲ့ နောက်ကျောဘက်ထက် Power Button နဲ့အတူ ဘေးဘက်မှာထားထားတဲ့အတွက် Power Button ကို နှိပ်လိုက်တာနဲ့ တစ်ခါထဲ Unlock ဖြစ်သွားဦးမှာဖြစ်ပါတယ်။ Battery အပိုင်းကလည်း ၂ ရက်လောက်အထိ အသုံးပြုနိုင်တဲ့ 5000mAh Battery ကိုမှ 18W Fast Charging ထည့်ပေးထားတော့ ဒီအပိုင်းမှာလည်း အားရဖို့ကောင်းနေပြန်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအချက်တွေကတော့ ကိုယ်က Media Streaming အပိုင်းမှာ User Experience ကောင်းကောင်းကို ရရှိချင်တယ်ဆိုရင် ထည့်စဥ်းစားသင့်တဲ့အချက်တွေဖြစ်ပါတယ်။ ခုနက ပြောထားခဲ့တဲ့ Feature တွေအပြင် 48MP AI Quad Camera Setup ၊ Snapdragon 665 Chipset ၊ RAM 8GB ၊ 128GB Storage တွေပါဝင်ဦးမယ့် OPPO A92 စမတ်ဖုန်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ စျေးနှုန်း 379,900 ကျပ်နဲ့ စျေးကွက်ထဲမှာ အလွယ်တကူဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။