ပြီးခဲ့တဲ့လတုန်းက Oppo ကုမ္ပဏီဟာ တရုတ်ဈေးကွက်မှာ A72 နဲ့ A52 Midrange ဖုန်းနှစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ ယနေ့မှာတော့ မလေးဈေးကွက်မှာ Oppo A92 စမတ်ဖုန်းကို မိတ်ဆက်လာခဲ့ပေမယ့် အဆိုပါ ဟန်းဆက်ဟာ တရုတ်ပြည်တွင်းမှ A72 ကို အမည်ပြောင်းလဲလာတာသာဖြစ်နေပါတယ်။

Oppo A92 စမတ်ဖုန်းမှာ 6.5” IPS LCD Display ကိုအသုံးပြုလာပြီး အပေါ်ဘယ်ဘက်မှာ Punch-hole ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ Screen-to-body အချိုးက 90.5% ရှိပြီး 1080 x 2400p Full HD+ Resolution နဲ့ပါ။

အတွင်းမှာ Snapdragon 665 ချစ်ပ်ဆက်ကို အသုံးပြုလာပြီး မန်မိုရီက 8GB / 128GB အတွဲဖြစ်ပါတယ်။ ဘက္ထရီက 5,000 mAh တောင် ဖြစ်ပြီး Android 10 အခြေခံ ColorOS 7.1 နဲ့အသုံးပြုရမှာပါ။ Fingerprint Scanner ကို ဘေးဘက်မှာ ထည့်သွင်းလာပါတယ်။

A92 စမတ်ဖုန်းမှာ 16MP ဆဲလ်ဖီးကင်မရာပါဝင်ပြီး နောက်ဘက်မှာ 48MP + 8MP Ultrawide + 2MP Macro + 2MP Depth Sensor အတွဲ ထည့်သွင်းထားတယ်။ Twilight Black နဲ့ Shining White အရောင်နှစ်မျိုးနဲ့ ထွက်လာတဲ့ ဒီဟန်းဆက်ကို မလေးရင်းဂစ် ၁၂၀၀ (မြန်မာငွေ သုံးသိန်းကိုးသောင်းခန့်) သတ်မှတ်ထားပါတယ်။

Ref – Gizmo China