OPPO ဟာ အောက်တိုဘာလ ၆ ရက်နေ့မှာ A93 ကို ကြေညာမယ်လို့ ထင်ခဲ့ကြပေမယ့် အခုပဲ ဗီယက်နမ်မှာ စောစောစီးစီး မိတ်ဆက်လိုက်ပါတယ်။ OPPO A93 ရဲ့ Specs အများစုဟာ OPPO F17 Pro , Reno4 Lite တို့နဲ့တူညီနေပြီး ၁ ခုထဲသော ကွာခြားချက်က  Charging အပိုင်း ဖြစ်ပါတယ်။ OPPO A93 မှာ 18W Fast Charging ပဲ ထည့်ပေးထားပါတယ်။

OPPO A93 ရဲ့ Specs အကြောင်းပြောရရင် ၆.၄၃ လက်မ AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး ဆေးတောင့်ပုံ Punch Hole မှာ 16MP နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။

အနောက်ကင်မရာအကြောင်းပြောရရင် 48MP Main , 8MP Ultrawide နဲ့အတူ 2MP ကင်မရာ ၂ လုံးကို Portrait အတွက် ထည့်သွင်းထားပါတယ်။ ၇.၄၈ မီလီမီတာပဲ အထူရှိပြီး ၁၆၄ ဂရမ်ပဲ အလေးချိန်ရှိတဲ့အတွက် အရမ်းပါးလွှာ ပေါ့ပါးပါတယ်။

OPPO A93 ရဲ့ Chipset က MediaTek Helio P95 ဖြစ်ပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားသလို microSD Card နဲ့ Storage ကို တိုးမြှင့်နိုင်ပါတယ်။ 4,000mAh ဘက်ထရီနဲ့ 18W Charging ထောက်ပံ့ထားပြီး နားကြပ်ပေါက်လည်း တပ်ဆင်ထားပါတယ်။ အနက်နဲ့ အဖြူ ၂ ရောင် ထုတ်လုပ်ထားပြီး ဗီယက်နမ် ဒေါင် ၇,၄၉၀,၀၀၀ သတ်မှတ်ထားပါတယ်။ ဒေါ်လာနဲ့တွက်ရင် ၃၂၄ လောက်ရှိပြီး မြန်မာငွေ ၄ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena