OPPO က A94 စမတ်ဖုန်း အသစ်ကို ဖန်တီးနေပြီး အခုတော့ စင်ကာပူက IMDA အာဏာပိုင် အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ရသွားပါပြီ။ IMDA မှာ OPPO A94 ရဲ့ မော်ဒယ်နံပါတ်ဟာ CPH2203 ဖြစ်ပြီး GPS, Bluetooth ပါတဲ့ LTE စမတ်ဖုန်းလို့ပဲ ဖော်ပြထားကာ တခြား Specs တွေကို မသိရသေးပါဘူး။

OPPO CPH2205 FCC

မကြာခင်ကလည်း အမေရိကန်က Federal Communications Commissions’ (FCC) မှာ မော်ဒယ်နံပါတ် CPH2205 ပါတဲ့ OPPO ရဲ့ ဖုန်း အသစ် ၁ လုံးကို တွေ့ခဲ့ရပြီး OPPO A94 လို့ ထင်ရပါတယ်။ နိုင်ငံမတူတဲ့အတွက် မော်ဒယ်နံပါတ် ကွာခြားသွားတာ ဖြစ်နိုင်ပါတယ်။

Opp A94 Spotted on Indonesian IMDA Certification Site, May Launch Soon

OPPO CPH2205 ရဲ့ အရွယ်အစားမှာ 160.1 x 73.32mm ဖြစ်ပြီး ၆.၂ လက်မ မျက်နှာပြင် ပါလာနိုင်ပါတယ်။ Full HD+ or HD+ Resolution ထဲက ဘယ်ဟာ ပါလာမလဲ မသိရသေးပါဘူး။ မှတ်ပုံတင်ထားတဲ့ ပုံကြမ်းအရ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံး ထည့်သွင်းထားတာ မြင်ရပါတယ်။ 48MP Main ကင်မရာ ၁ လုံး ပါလာနိုင်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားတဲ့ပုံပေါ်ပါတယ်။ အဲဒီအတွက် LCD မျက်နှာပြင် ဖြစ်နိုင်ပါတယ်။

CPH2205 မှာ Android 11 OS အခြေပြု ColorOS 11.1 မောင်းနှင်ထားနိုင်ပြီး ဘက်ထရီက 4,310mAh ဖြစ်ပါတယ်။ Fast Charging ထည့်သွင်းထားမလားဆိုတာလည်း မသိရသေးပါဘူး။ OPPO မကြာခင်က မျှဝေထားတဲ့ Teaser အရ စွမ်းရည်မြင့် Find X3 Series ကို မတ်လမှာ ကြေညာနိုင်ပါတယ်။ Find X3 Lite နဲ့ Find X3 Neo တို့ပါလာနိုင်ပြီး နာမည်ကျော် Tipster Evan Blass ကလည်း အဲဒီဖုန်းတွေကို မတ်လ အစောပိုင်းမှာ ကြေညာနိုင်ကာ ဧပြီလမှာ ရောင်းနိုင်တယ်လို့ မကြာခင်က သတင်းပေးထားပါတယ်။

Ref : gizmochina