ရှေ့ရက်တွေက သတင်းထွက်ထားသလိုပဲ နာမည်ကျော် Evangelion Anime စတိုင်နဲ့ Oppo Ace2 EVA Edition ကို မိတ်ဆက်လာခဲ့ပါပြီ။ အပိုပါလာတာကတော့ Neon Genesis Evangelion Anime စီးရီး Theme နဲ့ပဲ ဒီဇိုင်းဆင်ထားတဲ့ Accessory အလန်းစားလေးမျိုးပါ။

Oppo Ace2 EVA Edition ဟာ အခြေခံအားဖြင့်တော့ မူရင်းဟန်းဆက်အတိုင်းပါပဲ။ ဒါပေမယ့် Evangelion Theme နဲ့ ကိုယ်ထည်ဒီဇိုင်းဖြည့်စွက်ထားပါတယ်။ ဟန်းဆက်နဲ့အတူ ပါဝင်လာတဲ့ Protective Case မှာလည်း အလားတူဒီဇိုင်းကို ထပ်မြင်ရမှာဖြစ်ပြီး စမတ်ဖုန်းကိုတောင် Evangelion ထဲမှာ စက်ရုပ်ကြီးထဲကို လူဝင်ဖို့ပြုလုပ်ထားတဲ့ အဖြူရောင် Capsule ပုံစံ Case (Easter Egg) နဲ့ထည့်ပေးထားတာပါ။

စမတ်ဖုန်းအပြင် Enco W31 TWS Earbuds, Oppo Air VOOC ကြိုးမဲ့အားသွင်းစက်၊ Oppo Watch နဲ့ Band အသစ် တို့ကိုပါ တူညီတဲ့ Theme နဲ့ ထွက်ရှိလာတာတွေ့ရပါတယ်။ Oppo Ace2 EVA Edition ဟာ ယွမ် ၄၃၉၉ (မြန်မာငွေ ရှစ်သိန်းခွဲကျော်) သတ်မှတ်ထားကာ Limited Edition အဖြစ် အလုံးရေတစ်သောင်းသာ ရောင်းချမှာဖြစ်ပါတယ်။

EVA Theme နဲ့ Oppo Enco W31 TWS နားကြပ်ကို ယွမ် ၃၉၉ (မြန်မာငွေ ၇ သောင်းကျော်) သတ်မှတ်လာပြီး Oppo Watch နဲ့ Air VOOC ကြိုးမဲ့အားသွင်းစက်တို့ကို ယွမ် ၂၁၉၉ (မြန်မာငွေလေးသိန်းသုံးသောင်း) နဲ့ ၂၉၉ (ကျပ်ခြောက်သောင်းနီးပါး) အသီးသီး သတ်မှတ်ထားပါတယ်။

Ref – GizmoChina