OPPO ဟာ Android 11 ကို အခြေခံထားတဲ့ ColorOS 11 ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကမ္ဘာတစ်ဝန်းက စမတ်ဖုန်းတွေဆီကို OS Update ကို တဖြည်းဖြည်းချင်း ဖြန့်ချိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွက် ColorOS 11 Update Plan ထွက်ပေါ်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဇန်နဝါရီလအတွက် ColorOS11 Global update rollout plan အဖြစ် သီးသန့်ထွက်ပေါ်လာပြန်ပါတယ်။

ColorOS 11 update ကို Beta ဗားရှင်းအဖြစ် လက်ရှိအချိန်မှာလည်း ထုတ်ပေးနေတာဖြစ်ပါတယ်။ Stable update ကိုလည်း ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး သြစတေးလျအတွက် ထုတ်ပေးနေပြီဖြစ်သလို၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထိုင်း၊ ဖိလစ်ပိုင်မှာ OPPO Reno4 Z 5G အတွက် ထုတ်ပေးမှာကိုလည်း တွေ့ရပါတယ်။
ဇန်နဝါရီလတွက် ColorOS11 global update rollout အသေးစိတ်ကတော့ –

ColorOS 11 Beta ထုတ်ပေးလျက်ရှိသော Device များ
OPPO F11
OPPO F11 Pro
OPPO F11 Pro Marvel’s Avenger’s Limited Edition (India, Indonesia)
OPPO A52 (India, Indonesia, Pakistan)
OPPO A92 (Indonesia, Thailand, Egypt)
OPPO A9 (India)
OPPO Reno4 Z 5G (Thailand, Philippines, Australia)

အောက်ဖော်ပြပါ ဖုန်းတွေကတော့ ပူးတွဲပါရက်တွေမှာ Beta update ကို စတင်လက်ခံရရှိမှာ ဖြစ်ပါတယ်။
January 26
OPPO Reno2 F (India)
OPPO Reno 10x Zoom (India, Indonesia)
January 29
OPPO F15 (India)

လက်ရှိအချိန်မှာ ColorOS 11 Stable လက်ခံရရှိနိုင်တဲ့ စမတ်ဖုန်းတွေကတော့
OPPO Find X2
OPPO Find X2 Pro
OPPO Find X2 Pro Automobili Lamborghini Edition
OPPO F17 Pro
OPPO Reno4 F
OPPO A93
OPPO Reno4 Pro 5G
OPPO Reno4 5G
OPPO Reno4 Pro 4G
OPPO Reno4 4G
OPPO Reno4 Lite
OPPO Reno3 Pro 4G
OPPO Reno3 4G
OPPO A72

အောက်ဖော်ပြပါ ဖုန်းတွေကတော့ ပူးတွဲပါရက်တွေမှာ Stable update ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။
January 6
OPPO Reno4 Z 5G (Australia)
January 8
OPPO F11
OPPO F11 Pro
OPPO F11 Pro Marvel’s Avengers Limited Edition (India, Indonesia)
January 15
OPPO Reno4 Z 5G (Thailand, Philippines)
January 21
OPPO A9 (India)

Ref: Gizmochina