Google ကနေ Android 11 Stable Update ကို Pixel စမတ်ဖုန်းတွေအတွက် ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာလည်း OPPO ကနေ Android 11 ကို အခြေခံထားတဲ့ ColorOS 11 Stable Update ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ ColorOS 11 မှာ Android 11 ရဲ့ အဓိကပြောင်းလဲမှုတွေဖြစ်တဲ့ Notification အတွက် Conversation View အသစ်၊ Chat Bubble တွေနဲ့ တခြားသော Feature တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ယခင် ColorOS Version တွေထက် ပိုပြီးရှင်းလင်းနေမှာဖြစ်ပြီး Stock Android နီးပါးဖြစ်နေမှာပါ။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ OPPO ကနေ Always-on Display ပုံစံကို စိတ်ကြိုက်ပြောင်းလဲနိုင်အောင်နဲ့ Dark Mode ကို အရောင်အနိမ့်အမြင့်ပါ ပြောင်းလဲနိုင်တဲ့ Feature တွေပါဝင်လာမှာပါ။ ဒါ့အပြင် Screenshot ပြုလုပ်လိုက်တဲ့ ဓါတ်ပုံထဲက စာတွေကိုလည်း Text Format အနေနဲ့ အလိုအလျောက်ပြောင်းလဲပေးနိုင််ဦးမှာဖြစ်ပါတယ်။

OPPO ရဲ့ ပြောကြားချက်အရတော့ ယခုအချိန်မှာ ColorOS 11 Stable Update ကို OPPO Find X2 Series ဖုန်းတွေအရင်ဆုံးရရှိလာမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ Reno3 4G ၊ Reno3 Pro 4G နဲ့ F17 Pro ဖုန်းတွေက Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာလည်း Reno Series နဲ့ F Series ဖုန်းတွေအပြင် Mid Range A Series ဖုန်းတွေကိုပါ Update ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

Ref – 9to5Google