[Zawgyi]

Avengers: Endgame ၏ အံ့ၾသဖြယ္ ေအာင္ျမင္မႈ ႏွင့္အတူ အလုံးေရ အကန႔္အသတ္ျဖင့္ ထုတ္လုပ္ထားသည့္ OPPO F11 Pro Avengers limited edition ေရာင္းကုန္သည္အထိ ေအာင္ျမင္ခဲ့

The Avengers: Endgame ၏ စံခ်ိန္ခ်ိဳးေလာက္ေသာ ေအာင္ျမင္မႈႏွင့္အတူ OPPO F11 Pro Avengers Limited Edition စမတ္ဖုန္းသည္ ႀကိဳတင္အမွာ လက္ခံစဥ္ကာလအတြင္း ေရာင္းကုန္သြားခဲ့ေၾကာင္း OPPO ျမန္မာ မွ ထုတ္ျပန္ေၾကညာခဲ့ပါသည္။ Avengers အမွတ္အသား ႏွင့္ Avengers: Endgame ႐ုပ္ရွင္ဇာတ္ကားကေန ေစ့ေဆာ္ဖန္တီးထားေသာ ဆြဲေဆာင္မႈရွိတဲ့ အနီနဲ႔အျပာ အေရာင္ တို႔ႏွင့္ ဖန္တီးထားေသာ OPPO F11 Pro Avengers Limited Edition စမတ္ဖုန္းသည္ ပထမဆုံး စတင္ေရာင္းခ်မည့္ေန႔ ေမလ (၈) ရက္ မတိုင္ခင္ Pre-order ကာလအတြင္းမွာတြင္ ေရာင္းကုန္သြားၿပီ ျဖစ္ပါသည္။

ဧၿပီလ (၂၆) ရက္တြင္ ပြဲဦးထြက္ စတင္ျပသခဲ့သည့္ Avengers: Endgame သည္ အေအာင္ျမင္ဆုံး ႐ုပ္ရွင္ တစ္ခု ျဖစ္ၿပီး ပထမပတ္အတြင္း box-office တြင္ ေဒၚလာ ၁.၂၂ ဘီလီယံ ရရွိခဲ့ပါသည္။ ယခုအခါတြင္ Star Wars: The Force Awakens, Titanic, Jurassic World အစရွိသည့္ ဇာတ္ကားမ်ားကို ျဖတ္ေက်ာ္ကာ ဒုတိယပတ္အတြင္း ေဒၚလာ ၂ ဘီလီယံကို ဒုတိယ အျမန္ဆုံး ရရွိခဲ့ေသာ ဇာတ္ကားအျဖစ္ စံခ်ိန္တင္ခဲ့ပါသည္။ Avengers: Endgame ၏ အေရွ႕တြင္ Avatar ဇာတ္ကားသာ က်န္ရွိၿပီး ဆန္းစစ္သူမ်ားက Avengers:Endgame သည္ ထိုဇာတ္ကားကို မၾကာမီအခ်ိန္အတြင္း ျဖတ္ေက်ာ္လိမ့္မည္ဟု ခန႔္မွန္းထားၾကပါသည္။

တီထြင္ဆန္းသစ္ထားေသာ အလင္းမွိန္မွိန္ ပုံရိပ္ထင္ထင္ OPPO F11 Pro အားအေျခခံၿပီး ထုတ္လုပ္ထားေသာ ယခု ေမာ္ဒယ္ ေရာင္းကုန္သြားျခင္းသည္ OPPO ဖုန္းမ်ား၏ အရည္အေသြး ေကာင္းမြန္မႈ ႏွင့္ customer ေတြအတြက္ lifestyle သူငယ္ခ်င္း အေနႏွင့္ ရပ္တည္ေနတာႏွင့္အညီ Avengers ႏွင့္ Marvel Cinematic Universe ပရိသတ္မ်ား၏ စိတ္ပါဝင္စားမႈကို သက္ေသျပလိုက္ျခင္း ျဖစ္ပါသည္။ OPPO F11 Pro Avengers Limited Edition ဖုန္းသည္ စူပါဟီး႐ိုး ထုတ္လုပ္သည့္ကုမၺဏီမ်ားႏွင့္ ပူးေပါင္း၍ OPPO မွ ပထမဆုံး ထုတ္လုပ္သည့္ဖုန္း မဟုတ္ဘဲ ၂၀၁၇ တြင္ OPPO F3 Black Edition Spiderman ႏွင့္ ၂၀၁၆ တြင္ OPPO F1s BATMAN အစရွိေသာ ဖုန္းမ်ားကို ထုတ္လုပ္ခဲ့ပါေသးသည္။

“ F11 Pro Avengers Limited Edition ရဲ႕ ေအာင္ျမင္မႈအတြက္ ကြၽန္မတို႔ ဝမ္းသာေက်နပ္မိပါတယ္။ Avengers ဇာတ္သိမ္းပိုင္း ဇာတ္ကားကို ဂုဏ္ျပဳဖို႔ကို ကြၽန္မတို႔ရဲ႕ F-series ထုတ္ကုန္ေတြထဲက F11 Pro ကို special edition အေနနဲ႔ ထုတ္လုပ္ၿပီး ဂုဏ္ျပဳတာတာက အသင့္ေတာ္ဆုံးေသာ ပူးေပါင္းေဆာင္႐ြက္မႈ ျဖစ္တယ္လို႔ ျမင္ပါတယ္။ ကြၽန္မတို႔ရဲ႕ F11 Pro Avenger Limited Edition ဖုန္းေကာ Avenger:Endgame ဇာတ္ကားေကာ ႏွစ္ခုလုံး ေအာင္ျမင္တာ ေတြ႕ရတာ Avengers ကားအေပၚ ျမန္မာႏိုင္ငံက ပရိသတ္ေတြ ဘယ္ေလာက္ေတာင္ စိတ္အားထက္သန္ေနၾကလဲဆိုတာ ေတြ႕ရပါတယ္။ ျမန္မာႏိုင္ငံမွာ Avengers ဇာတ္ကား လက္မွတ္ေတြ စဝယ္လို႔ရတဲ့ေန႔မွာ တန္းစီသြားဝယ္ၾကၿပီး server က်တာေတြေတာင္ ျဖစ္တဲ့အထိ အားေပးခဲ့ၾကပါတယ္။ ဒီ F11 Pro limited edition ကိုဝယ္ေပးခဲ့တဲ့ customers အေယာက္ဆီတိုင္းကို ကြၽန္မတို႔ OPPO ျမန္မာက ေက်းဇူးအထူးတင္ပါတယ္။ အလင္းမွိန္မွိန္ ပုံရိပ္ထင္ထင္ နဲ႔ F11 Pro ဖုန္းေတြကို သေဘာက်ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။” ဟု OPPO ျမန္မာ၏ Assistant PR Manager မမိုးပြင့္ျဖဴက ေျပာၾကားခဲ့ပါသည္။

ဧၿပီလ (၂၆) ရက္တြင္ F11 Pro Avenger Edition ဖုန္းကို ႐ုပ္ရွင္႐ုံတြင္ ဖိတ္ၾကားထားေသာ သတင္းမီဒီယာ မ်ား၊ O-fan မ်ား၊ dealer မ်ား၊ OPPO မွ တာဝန္ရွိလူႀကီးမင္းမ်ား ႏွင့္တကြ OPPO ၏ Brand Ambassador မ်ားျဖစ္ၾကေသာ ပိုင္တံခြန္၊ အကယ္ဒမီ ဝတ္မႈန္ေ႐ႊရည္ ႏွင့္ အကယ္ဒမီ ပိုင္ၿဖိဳးသု တို႔တက္ေရာက္ခဲ့ၾကပါသည္။ ႀကိဳတင္မွာယူထားေသာ ဖုန္းမ်ားကို သတ္မွတ္ထားေသာ အေရာင္းဆိုင္မ်ားတြင္ ေမလ (၈) ရက္မွ စတင္ထုတ္ယူႏိုင္ၿပီျဖစ္ၿပီး Avenger အမွတ္အသား တံဆိပ္ ႏွင့္ Captain America ဖုန္းကာဗာ တို႔ပါဝင္ေသာ OPPO F11 Pro Avengers ဖုန္းဘူးကို ႏွစ္သက္ခံစားႏိုင္မည္ ျဖစ္ပါသည္။ ထို႔အျပင္ Avenger ဟီး႐ိုး ပုံ တံဆိပ္႐ိုက္ႏွိပ္ထားေသာ တီရွပ္၊ ဦးထုပ္ ႏွင့္ ဖုန္းေက်ာကပ္ stand တို႔ကိုလည္း ရရွိႏိုင္မည္ ျဖစ္ပါသည္။

[Unicode]

ကြိုတင်အမှာ လက်ခံစဉ် ကာလအတွင်း ရောင်းကုန်သွားခဲ့သည့် OPPO F11 Pro Avengers Limited Edition

Avengers: Endgame ၏ အံ့သြဖွယ် အောင်မြင်မှု နှင့်အတူ အလုံးရေ အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသည့် OPPO F11 Pro Avengers limited edition ရောင်းကုန်သည်အထိ အောင်မြင်ခဲ့

The Avengers: Endgame ၏ စံချိန်ချိုးလောက်သော အောင်မြင်မှုနှင့်အတူ OPPO F11 Pro Avengers Limited Edition စမတ်ဖုန်းသည် ကြိုတင်အမှာ လက်ခံစဉ်ကာလအတွင်း ရောင်းကုန်သွားခဲ့ကြောင်း OPPO မြန်မာ မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ Avengers အမှတ်အသား နှင့် Avengers: Endgame ရုပ်ရှင်ဇာတ်ကားကနေ စေ့ဆော်ဖန်တီးထားသော ဆွဲဆောင်မှုရှိတဲ့ အနီနဲ့အပြာ အရောင် တို့နှင့် ဖန်တီးထားသော OPPO F11 Pro Avengers Limited Edition စမတ်ဖုန်းသည် ပထမဆုံး စတင်ရောင်းချမည့်နေ့ မေလ (၈) ရက် မတိုင်ခင် Pre-order ကာလအတွင်းမှာတွင် ရောင်းကုန်သွားပြီ ဖြစ်ပါသည်။

ဧပြီလ (၂၆) ရက်တွင် ပွဲဦးထွက် စတင်ပြသခဲ့သည့် Avengers: Endgame သည် အအောင်မြင်ဆုံး ရုပ်ရှင် တစ်ခု ဖြစ်ပြီး ပထမပတ်အတွင်း box-office တွင် ဒေါ်လာ ၁.၂၂ ဘီလီယံ ရရှိခဲ့ပါသည်။ ယခုအခါတွင် Star Wars: The Force Awakens, Titanic, Jurassic World အစရှိသည့် ဇာတ်ကားများကို ဖြတ်ကျော်ကာ ဒုတိယပတ်အတွင်း ဒေါ်လာ ၂ ဘီလီယံကို ဒုတိယ အမြန်ဆုံး ရရှိခဲ့သော ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့ပါသည်။ Avengers: Endgame ၏ အရှေ့တွင် Avatar ဇာတ်ကားသာ ကျန်ရှိပြီး ဆန်းစစ်သူများက Avengers:Endgame သည် ထိုဇာတ်ကားကို မကြာမီအချိန်အတွင်း ဖြတ်ကျော်လိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။

တီထွင်ဆန်းသစ်ထားသော အလင်းမှိန်မှိန် ပုံရိပ်ထင်ထင် OPPO F11 Pro အားအခြေခံပြီး ထုတ်လုပ်ထားသော ယခု မော်ဒယ် ရောင်းကုန်သွားခြင်းသည် OPPO ဖုန်းများ၏ အရည်အသွေး ကောင်းမွန်မှု နှင့် customer တွေအတွက် lifestyle သူငယ်ချင်း အနေနှင့် ရပ်တည်နေတာနှင့်အညီ Avengers နှင့် Marvel Cinematic Universe ပရိသတ်များ၏ စိတ်ပါဝင်စားမှုကို သက်သေပြလိုက်ခြင်း ဖြစ်ပါသည်။ OPPO F11 Pro Avengers Limited Edition ဖုန်းသည် စူပါဟီးရိုး ထုတ်လုပ်သည့်ကုမ္ဗဏီများနှင့် ပူးပေါင်း၍ OPPO မှ ပထမဆုံး ထုတ်လုပ်သည့်ဖုန်း မဟုတ်ဘဲ ၂၀၁၇ တွင် OPPO F3 Black Edition Spiderman နှင့် ၂၀၁၆ တွင် OPPO F1s BATMAN အစရှိသော ဖုန်းများကို ထုတ်လုပ်ခဲ့ပါသေးသည်။

“ F11 Pro Avengers Limited Edition ရဲ့ အောင်မြင်မှုအတွက် ကျွန်မတို့ ဝမ်းသာကျေနပ်မိပါတယ်။ Avengers ဇာတ်သိမ်းပိုင်း ဇာတ်ကားကို ဂုဏ်ပြုဖို့ကို ကျွန်မတို့ရဲ့ F-series ထုတ်ကုန်တွေထဲက F11 Pro ကို special edition အနေနဲ့ ထုတ်လုပ်ပြီး ဂုဏ်ပြုတာတာက အသင့်တော်ဆုံးသော ပူးပေါင်းဆောင်ရွက်မှု ဖြစ်တယ်လို့ မြင်ပါတယ်။ ကျွန်မတို့ရဲ့ F11 Pro Avenger Limited Edition ဖုန်းကော Avenger:Endgame ဇာတ်ကားကော နှစ်ခုလုံး အောင်မြင်တာ တွေ့ရတာ Avengers ကားအပေါ် မြန်မာနိုင်ငံက ပရိသတ်တွေ ဘယ်လောက်တောင် စိတ်အားထက်သန်နေကြလဲဆိုတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ Avengers ဇာတ်ကား လက်မှတ်တွေ စဝယ်လို့ရတဲ့နေ့မှာ တန်းစီသွားဝယ်ကြပြီး server ကျတာတွေတောင် ဖြစ်တဲ့အထိ အားပေးခဲ့ကြပါတယ်။ ဒီ F11 Pro limited edition ကိုဝယ်ပေးခဲ့တဲ့ customers အယောက်ဆီတိုင်းကို ကျွန်မတို့ OPPO မြန်မာက ကျေးဇူးအထူးတင်ပါတယ်။ အလင်းမှိန်မှိန် ပုံရိပ်ထင်ထင် နဲ့ F11 Pro ဖုန်းတွေကို သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။” ဟု OPPO မြန်မာ၏ Assistant PR Manager မမိုးပွင့်ဖြူက ပြောကြားခဲ့ပါသည်။

ဧပြီလ (၂၆) ရက်တွင် F11 Pro Avenger Edition ဖုန်းကို ရုပ်ရှင်ရုံတွင် ဖိတ်ကြားထားသော သတင်းမီဒီယာ များ၊ O-fan များ၊ dealer များ၊ OPPO မှ တာဝန်ရှိလူကြီးမင်းများ နှင့်တကွ OPPO ၏ Brand Ambassador များဖြစ်ကြသော ပိုင်တံခွန်၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည် နှင့် အကယ်ဒမီ ပိုင်ဖြိုးသု တို့တက်ရောက်ခဲ့ကြပါသည်။ ကြိုတင်မှာယူထားသော ဖုန်းများကို သတ်မှတ်ထားသော အရောင်းဆိုင်များတွင် မေလ (၈) ရက်မှ စတင်ထုတ်ယူနိုင်ပြီဖြစ်ပြီး Avenger အမှတ်အသား တံဆိပ် နှင့် Captain America ဖုန်းကာဗာ တို့ပါဝင်သော OPPO F11 Pro Avengers ဖုန်းဘူးကို နှစ်သက်ခံစားနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Avenger ဟီးရိုး ပုံ တံဆိပ်ရိုက်နှိပ်ထားသော တီရှပ်၊ ဦးထုပ် နှင့် ဖုန်းကျောကပ် stand တို့ကိုလည်း ရရှိနိုင်မည် ဖြစ်ပါသည်။