OPPO ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက F Series စမတ်ဖုန်းအသစ်ဖြစ်တဲ့ OPPO F17 Pro ကို မိတ်ဆက်သွားဖို့ရှိနေတယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ OPPO India ကနေ အဆိုပါ F17 Pro စမတ်ဖုန်းကို လာမယ့် စက်တင်ဘာလ ၂ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။

OPPO F17 Pro ဟာ အစောပိုင်းပြောကြားချက်အရတော့ အထူအနေနဲ့ 7.48mm ပဲရှိမှာဖြစ်ပြီး အလေးချိန်ကလည်း 164g ပဲလေးမှာဖြစ်တဲ့အတွက် ၂၀၂၀ ခုနှစ်ထဲမှာ ထွက်ရှိသမျှဖုန်းတွေထဲမှာ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံးဖုန်းတစ်လုံးဖြစ်လာမှာပါ။ အခု OPPO India ကနေ ထုတ်ပြန်လိုက်တဲ့ Teaser ဓါတ်ပုံအရလည်း OPPO F17 Pro ရဲ့ Design ကို ပိုပြီးတွေ့လာခဲ့ရပါတယ်။

အရင်ဆုံးထူးခြားချက်ကတော့ နောက်ကျောဘက်က 48MP Quad Camera Design ပဲဖြစ်ပြီး စတုရန်းပုံစံ Camera Layout ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဘေးဘက်မှာတော့ Dual Tone LED Flash ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက် Design ကိုပါ Dual Tone ပြုလုပ်ထားတဲ့အတွက် ယခင် OPPO စမတ်ဖုန်းတွေကနေ ကွဲထွက်နေတယ်လို့တောင် ပြောနိုင်ပါတယ်။

အရှေ့ဘက်မှာတော့ Dual Selfie Camera Setup ကို Punch-hole Design နဲ့ ထည့်သွင်းထားပြီး Under-Display Fingerprint Sensor ပါ ပါဝင်မှာဖြစ်ပါတယ်။ လက်ရှိသိထားတဲ့သတင်းတွေအရတော့ Display ကို 6.43″ Super AMOLED Full HD+ Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ ဘယ်လောက် Capacity ပါဝင်မလဲဆိုတာမသိရသေးပေမယ့် 30W VOOC 4.0 Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ INR 25,000 (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena